Mar Mar Aye - Remembering U Tin


 ကိုကြီးမိုးသို့ ၂၀၁၂ တမ်းစာ
မာမာအေး၊ ဇန်န၀ါရီ ၂၂၊ ၂၀၁၂
တနှစ်မှ တခါ
သတိရတာ မဟုတ်ပါ။

ပျော်ရွှင်ခြင်း ဝေဒနာ
လွမ်းဆွတ်ခြင်း ဝေဒနာ
စိတ်ပင်ပမ်းခြင်း ဝေဒနာ
“ဝေဒနာအလုံးစုံကို ထိသိရတိုင်း
ကိုမိုးကြီးနဲ့ နှိုင်း” ဆိုရင်
လုံလောက်ပြီ ထင်ပါရဲ့။

အဆွေးနဲ့နဲ့
လေးတွဲ့တွဲ့
တေးနွဲ့နွဲ့ဆို …
“အို … ကိုကြီးမိုး”
ငြိမ်းချမ်းစ ပျိုးပြီ ဆိုလား၊
ကြားပါစေသား

ဇန်န၀ါရီ ၂၁၊ ၂၀၁၂
(၂၀၀၇ ဇန်န၀ါရီ ၂၂ မှ စ၍ မတွေ့ရတော့သော အကိုကြီး တင်မိုးသို့ အမှတ်တရ၊ ဖို့ဝိန်းမြို့၊ အင်ဒီယာနာ၊ အမေရိကန်နိုင်ငံ)

Comments