Maung Aung Pwint honored by Yatha Alin group from Singapore

၂၀၁၁ ဒီဇင်ဘာလအတွက် ကဗျာဆရာမောင်အောင်ပွင့်ကို ရသအလင်းမှ ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခြင်း
ရသအလင်းအဖွဲ့သားများ၊ ဇန်န၀ါရီ ၅၊ ၂၀၁၂
ချစ်မိတ်ဆွေများအားလုံးကို မင်္ဂလာရှိတဲ့နှစ်သစ်၂၀၁၂ဖြစ်ပါစေလို့ ရသအလင်းအဖွဲ့သားတွေက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ရသအလင်းအနေနဲ့ အောက်တိုဘာလမှာ ဆရာလှသန်းနဲ့ နိုဝင်ဘာအတွက် ဆရာအေးမင်းစောကို နှစ်ဦး ပေးအပ်ခဲ့ပြီး ဒီဇင်ဘာလမှာတော့ ဂုဏ်ပြုငွေကို ကဗျာဆရာကြီးမောင်အောင်ပွင့်ကို ပေးခဲ့ကြပါတယ်။
ဆရာမောင်အောင်ပွင့်ဟာ ပြောင်မြောင်တောက်ပတဲ့ကဗျာဆရာကြီးတစ်ဦးဖြစ်တဲ့အပြင်ကျန်ခဲ့တဲ့ 
မြန်မာပြည်ရဲ့ခေတ်ကာလတွေမှာထောင်အကြိမ်တော်တော်များများ ကျခံခဲ့ရတဲ့ ကဗျာဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဆရာ့သမိုင်းကြောင်းကိုပြန်ကြည့်လိုက်တော့
၁၉၆၇/၆၈ - ပုသိမ်ထောင် ၊ ၁၉၇၈/၈၀ - အင်းစိန်ထောင် ၊ ၁၉၉၇ - တံတားဦးအချုပ် ၊ ၁၉၉၉/၂၀၀၅ - အင်းစိန်/သာယာဝတီထောင် တဲ့။
 ထောင်နံရံတွေဟာ ကဗျာတွေကို ကဗျာဆရာတွေကို ပိုမိုကျစ်လစ် ပြောင်မြောက် လာစေတတ်သလားမပြောတတ်တော့ပါ။
ဆရာက ၂၀၀၂ - လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ Hellman/Hammett Grant for writers ဆုနဲ့ ၂၀၀၄  - နိုင်ငံတကာသတင်းသမားများကာကွယ်စောင့်ရှောက်မှု ကော်မီတီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆု တို့ကရရှိထားသူဖြစ်ပါတယ်။

 ဆရာ့ကို ၁၉၄၅ခုနှစ်နိုဝင်ဘာ(၁၁)ရက်နေ့ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာဇာတိဖြစ်ပါတယ်။မိဘတွေကတော့ ဦးထွန်းမှိန် နဲ့ ဒေါ်စာမတို့ဖြစ်ပြီး ဆရာရဲ့နာမည်အရင်းကလည်း ဦးအောင်ပွင့်ပဲဖြစ်ပါတယ်။
 ၁၉၆၈ - အိုးဝေဂျာနယ်(၄)မှာကဗျာစတင်ဖော်ပြခံရခဲ့ရပြီး
၁၉၇၂ - မှာအလွမ်းပင်တော။(တကိုယ်တော်)
ဝါကျင့်ကျင့်နေ့ခင်းရှည်(အောင်ငြိမ်း။ကျော်ကျော်ခင်တို့နှင့်)
၁၉၇၄ - မိုးရိပ်လေရိပ် .မတ်လအရိပ်(လက်ရေးမှင်ကူး)
၁၉၉၅ -  ကောင်းကင်တော်တမ်းခြင်း
၁၉၉၅ -  ဧကစာမီးခိုးများ (ကိုသန်းထွန်း။ကေအေတီ။.အောင်ဘညိုတို့နှင့်)
ကျောင်းဆ၇ာ။စာပြင်ဆရာ။စာအုပ်ရောင်းသူ။AV MEDIA / PIONEER VIDEO PRODUCTION တို့တွင်စီစဉ်သူ..အနုပညာအကြံပေးလုပ်ခဲ့ပါတယ်။
၂၀၁၂ - ဇန်န၀ါရီတွင် ငြိမ်းချမ်းရေးညစာ ကဗျာရှည်စာအုပ်ထွက်မည်။
(ဆရာ့ရဲ့ကိုယ်ရေး အကျဉ်းချုပ်ကို ကဗျာဆရာသော်ဇင်အုန်းက စုံစမ်းပေးပို့ပေးခဲ့တာဖြစ်ပါတယ်။)
ဆရာ့ကိုဂုဏ်ပြုငွေပေးအပ်ကြဖို့ ရသအလင်းအဖွဲ့သားတွေ အားလုံးတိုင်ပင် ဆုံးဖြတ်ပြီးတဲ့ အခါ ၊ အဆင်ပြေတိုက်ဆိုင်စွာပဲ စာရေးဆရာမ မနော်ဟရီက ပုသိမ်ကိုသွားမှာနဲ့ ကြုံကြိုက်ခဲ့ပါတယ်။
ဆရာမောင်အောင်ပွင့်ကို ဂုဏ်ပြုငွေပေးအပ်ဖို့ ဆရာမ မနော်ဟရီက အစစအရာရာတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။
အဲဒီ့အတွက် ဆရာမမနော်ဟရီကို ကျေးဇူးအထူးတင်ရှိပါကြောင်း ရသအလင်းမှ လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်ရှိပါတယ်။ အဲသည်မှာအမှတ်တရစာအုပ်ကို ရယူပါ။ 

Comments