စိတ်မပါ လက်မပါ လွတ်ငြိမ်းချမ်းသာ
ရန်ကုန်၊ ဇန်န၀ါရီ ၄၊ ၂၀၁၂
မိုးယံမခ
ရန်ကုန်၊ ဇန်န၀ါရီ ၄၊ ၂၀၁၂
မိုးယံမခ

ဒီတခါလည်း လွတ်ငြိမ်းချမ်းသာ ကြေညာပြန်ပြီ
ဘယ်သူတွေလွတ်ပါသလဲ။
ဘယ်လောက်လွတ်တယ်ဆိုတာကတော့ ဘောင်းဘီချွတ်အစိုးရရဲ့ ၀ါဒဖြန့် ကိန်းဂဏာန်းတွေမှာ ရှာကြည့်နိုင်ပါတယ်။
နောက်ထပ်လွှတ်ဖို့ ကျန်ပါသေးတယ်။
စာရင်းတွေက ရောထွေးနေလို့ပါ။
နိုင်ငံရေးအကျဉ်းသား မရှိပါဘူး။
ယုံကြည်ချက်ကြောင့်ကျတဲ့အကျဉ်းသားတွေလည်း ဘာမှမရှိဘူး။
ဒီလောက်ပြောနေတာ မယုံကြဘူးလား။
ဒီလောက်မယုံကြရင် မယုံကြည်ချက်ကြောင့်ကျတဲ့ အကျဉ်းသားတွေပဲ ရှိမယ်ထင်တယ်။
အင်းစိန် - ၃
မန္တလေး - ၁၁
ပြည် - ၁
စစ်တွေ - ၁
ပုသိမ် - ၁
မြိတ် - ၁
ပူတာအို - ၁
တောင်ငူ - ၆ စတဲ့ ကိန်းဂဏာန်းတွေက အာရုံနောက်စရာပါ။ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားတွေ ရာထောင်ချီ လွှတ်နေတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားက ဒီလောက်ပဲ ပါရပါသလား။
အဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ရင် အခုလူတွင်ကျယ်လုပ်နေကြတဲ့ ဟိုယောင်ယောင်ကောင်တွေ နေရာပျောက်မှာစိုးလို့ လား။
စစ်တပ်က စနစ်တကျ ဆုတ်နေပြီ။ အဲ့ဒီအခွင့်အရေးကို အမိအရမဆုပ်ကိုင်ရင် ဒီနေ့ လက်တွေ့ နိုင်ငံရေးမဟုတ်ဘူးဆိုသူများအတွက် ဒီနေ့ လွတ်ငြိမ်းချမ်းသားအကြောင်းလေး သုံးသပ်ကြပါဦးလို့ တင်ပြလိုက်ရပါကြောင်း ...။
မှတ်တမ်းဓာတ်ပုံများ
အင်းစိန်ထောင်ရှေ့ မြင်ကွင်းများ








Comments