နှလုံးလှ လူသားများ၏ ကူညီဆောင်ရွက်မှုများ
မိုးမခ
ဇန်န၀ါရီ ၄၊ ၂၀၁၁
ဇန်န၀ါရီ ၄၊ ၂၀၁၁
စင်ကာပူနိုင်ငံရှိ ဓာတ်တော်တိုက်ဆရာတော်ဦးစီးသော ဗြဟ္မစိုရ်နှလုံးသားအသင်းမှ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ကြရ သည့် မီးသတ်ဝန်ထမ်း (၅) ဦးအား ဗြဟ္မစိုရ်နှလုံးသား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်မြို့၊ စက်ဆန်းရပ်၊ ကတို့ဆိပ်ရပ်ကွက်၌ ဒီဇင်ဘာ ၂၉၊ ရက်နေ့၊ နံနက် (၁) နာရီ (၄၀) မိနစ်အချိန်ကဖြစ်ပွားခဲ့တဲ့ မီးလောင်ပေါက်ကွဲမှုမှာ တာမွေမြို့နယ်မှ မီးသတ်ဝန်ထမ်း လေးဦးနှင့် ဗဟိုမီးသတ်ဌာနမှ မီးသတ်ဝန်ထမ်း တစ်ဦး သေဆုံးခဲ့ပါတယ်။ ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားခဲ့သော မီးသတ်ဝန်ထမ်းငါးဦးအတွက် ဗြဟ္မစိုရ်နှလုံးသားအသင်းမှ တဦးလျှင် ကျပ်ငွေ ငါးသိန်းစီအား ကျန်ရစ်သူမိသားစုထံသို့ ပေးအပ်လှူဒါန်းခဲ့ကြခြင်းဖြစ်ပါတယ်။
ထို့ပြင် ဗြဟ္မစိုရ်နှလုံးသားအသင်းသည် မီးလောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ ပျက်စီးဆုံးရှုံးခဲ့ကြသော ဒေသခံများအတွက် လည်း စုစုပေါင်း ကျပ်ငွေ လေးဆယ့်နှစ်သိန်းအား ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
Comments