poem by Mar Mar Aye


'ကိုကြီးမိုးသို့' ၂၀၁၂ တမ်းစာ
မာမာအေး
ဇန်န၀ါရီ ၂၂၊ ၂၀၁၂

ဒေလီးစီးတီးကျောင်းဆရာတော်၊ ဦးတင်မိုး၊ ဒေါ်မာမာအေး၊ ကိုခင်မောင်လေး

တနှစ်မှ တခါ
သတိရတာ မဟုတ်ပါ၊

ပျော်ရွှင်ခြင်း ဝေဒနာ
လွမ်းဆွတ်ခြင်း ဝေဒနာ
စိတ်ပင်ပမ်းခြင်း ဝေဒနာ
ခန္ဓာဝန်ဆောင်ရသော ဝေဒနာ
"ဝေဒနာအလုံးစုံကို ထိသိရတိုင်း
ကိုကြီးမိုးနှင့်နှိုင်း"ဆိုရင်
လုံလောက်ပြီထင်ပါရဲ့၊

အဆွေးနဲ့နဲ့
လေးတွဲ့တွဲ့
တေးနွဲ့နွဲ့ဆို ...
'အို ... ကိုကြီးမိုး'
ငြိမ်းချမ်းစ ပျိုးပြီ ဆိုလား၊
ကြားပါစေသား။


မာမာအေး
၂၀၁၂ ဇန်န၀ါရီ ၂၁


၂၀၀၇ ဇန်န၀ါရီ ၂၂ မှ စ၍ မတွေ့ရတော့သော အကိုကြီး တင်မိုးသို့ အမှတ်တရ၊ ဖို့ဝိန်းမြို့၊ အင်ဒီယာနာ၊ အမေရိကန်နိုင်ငံ

Comments