Project Help Burma - Fund Raising Pwe a success


ဆန်ဖရန်ဘေးဧရိယာ Project Help Burma ဈေးရောင်းပွဲ အောင်မြင်
မိုးမခဓာတ်ပုံသတင်း၊ ဇန်န၀ါရီ ၂၃၊ ၂၀၁၂
ဇန်န၀ါရီ ၂၂ ဆန်ဖရန်ဘေးဧရိယာ၊ နယူးအာ့ခ်ပါဗေးလျံမှာ မြန်မာ့အရေးဆောင်ရွက်နေသူများ စုဝေးကျင်းပတဲ့ Project Help Burma ရန်ပုံငွေ ဈေးရောင်းပွဲမှာ မြန်မာရိုးရာ မုန့်နဲ့ စားဖွယ်မျိုးစုံ၊ ဆိုက ဖျော်ဖြေမှုများနဲ့ ကျင်းပခဲ့ရာ မြန်မာဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ပါတယ်။ ဘေးဧရိယာနေ အနုပညာရှင်များစွာနဲ့ ဧည့်သည် အနုပညာရှင်များကလည်း တတပ်တအား ကူညီဖျော်ဖြေခဲ့ကြတာကို တွေ့ရပါတယ်။ ဓာတ်ပုံတွေကို မိုးမခ ဖေ့စ်ဘွတ်ဖန်ပိတ်ဂ်ျမှာကြည့်ပါ။
ပွဲတော်မှာ ဒေါက်တာမောင်မောင်သော်က သူ့ကျောင်းနေဖက် မိတ်ဆွေ ပြည်သူ့အချစ်တော် ကိုဇာဂနာ အမေရိကန်ပြည်ထောင်စု လာရောက်မယ့်ခရီးစဉ်အကြောင်း အသိပေးမိတ်ဆက်ပြောကြားပြီး ဘေးဧရိယာ မြန်မာတိုင်းရင်းသား မိသားစုများ၊ အစုအဖွဲ့အားလုံးက ၀ိုင်းဝန်းကြိုဆိုကြဖို့၊ မြန်မာပြည်အရေး ကိုဇာဂနာဆောင်ရွက်မှုများကို အားပေးထောက်ခံရေး ရန်ပုံငွေပွဲတော် စုပေါင်း ကျင်းပကြဖို့ တိုက်တွန်းနှိုးဆော် သွားပါတယ်။

Comments