Sayadaw U Gambira freed and told media still need a lot to do for democracy

မြောင်းမြထောင်က လွတ်မြောက်လာသူ အရှင်ဂမ္ဘီရက အာဏာရှင်ဆန်မှုတွေ ကျန်ရှိသေးသည်ဟု ဝေဖန်ပြောကြား
ဒီဗီဘီသတင်းကောက်နုတ်ချက်၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၂
ယနေ့လွတ်မြောက်လာသည့် ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ ဦးဆောင်သံဃာတော် အရှင်ဂမ္ဘီရက ပြောကြားရာတွင် ထောင်များ အဆင့်ဆင့်ပြောင်းပြီး အကျဉ်းချခံရစဉ် တိုက်ပိတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ ခံခဲ့ရကြောင်း၊ ဒီမိုကရေစီအရေးအတွက် ဆက်လက်ဆောင်ရွက်စရာများစွာ ရှိသေးကြောင်း၊ အာဏာရှင်ဆန်မှုများ ကျန်ရှိသေးကြောင်း၊ ဘာမှ မဟုတ်သေးဘူး၊ အများကြီးလုပ်ရဦးမှာ ဖြစ်ကြောင်း၊ ဒီနေ့မှ လွှတ်တယ်လေ၊ ဘာဒီမိုကရေစီလဲ။ နိုင်ငံရေးဆက်လုပ်ရဦးမည် ဟု ပြောကြားသွားသည်။
 

   

Comments