ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော
Yangon Press International
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စောင့်ရှောက်ကုသပေးနေသူ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒေါက်တာ ပြုံးအိမွန်
Yangon Press International
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)

ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောကျန်းမာရေးမှာ ဒေါင်ဒေါင်မြည် လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်အထူးကု) က မီဒီယာအချို့နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ က အာရှတော်ဝင် ဆေးရုံတွင် တကြိမ်၊ oိတိုရိယဆေးရုံတွင် တကြိမ် နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆရာဝန်များပင် အံ့သြဖွယ်ကောင်းလောက်အောင် ရလဒ်များကောင်းကြောင်း ၎င်းကပြောသည်။
“ အမအခုအသက် ၆၇ နှစ်ရှိနေပြီး၊ ဒါပေမဲ့ ရိုးရိုးသာမာန်လူအသက် ၆၇ နှစ် ထက်ပိုကျန်းမာတယ် ၊ စစ်ဆေးထားတဲ့ အဖြေတွေကို ကြည့်ပြီး ဆရာတွေတောင် အံ့သြတယ် ” ဟုဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
ပြုလုပ်ခဲ့သောကျန်းမာရေးစစ်ဆေးမှုတွေဟာ နှလုံး၊ အဆုပ်၊အသည်း၊ကျောက်ကပ် ၊အစာအိမ်၊ကြွက်သား၊ အာရုံကြော ၊အရိုး သိပ်သည်းဆ စသည်တို့ကို စစ်ဆေးခဲ့ရာ အားလုံးအခြေအနေကောင်းသည်ဟု လည်း၎င်းကပြောသည်။
“အမျိုးသမီးတွေကအသက်ကြီးလာရင် အရိုးပွတာ ၊ အရိုးပါးတာတွေဖြစ်တတ်တယ်လေ၊ သူကလည်းခရီး ခဏခဏသွားရတယ်ဆိုတော့ ဒါကိုအထူးသတိထားစစ်ဆေးပါတယ် ၊ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီးတော့လည်း အရမ်း အခြေအနေကောင်းတယ်၊ အကောင်းဆုံး အခြေအနေမှာရှိတယ်လို့ တောင်ပြောလို့ရတယ်၊ စိုးရိမ်စရာမလိုဘူး”ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင် ခလုပ်တိုက်မိသည်များ ၊ သြဂုတ်လ သမ္မတနှင့်တွေ့ ဆုံသည့် နေပြည်တော်ခရီးစဉ်သွားစဉ် ကားမူး သည်များ ဖြစ်ခဲ့သော်လည်း ၎င်းတို့မှာ
ကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲသာမာန်ဖြစ်လေ့ ဖြစ်ထရှိသည့် ပြသာနာများပင်ဖြစ်သည်ဟု မိသားစု ဆရာဝန်ကရှင်းပြသည်။
၂၀၀၃ ခုနှစ် နေအိမ်အကျုယ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရစဉ် အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခွဲစိတ်မှု တခုခံယူခဲ့ရာ ယခုအခါ အဆိုပါ ခွဲစိတ်မှု နောက်ဆက်တွဲအခြေအနေပါ ကောင်းမွန်လျက်ရှိသည်ဟုဆိုသည်။
သူမသည် နေ့စဉ် တရားထိုင်လျက်ရှိပြီး ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်ဟု ဆိုသည်။ အစားအနည်းငယ်သာ စားသောကြောင့် အဟာရမျှတအောင် စီစဉ်ပေးရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိသည်ဟု လည်းပြောဆိုသည်။
စိတ်ဖိစီးမှုတွေကိုကောင်းမွန်စွာကျော်လွှာနိုင်ပြီးတခါတရံတွင် ဆေးကြောင့်ဖြစ်စေ ၊ အစားအသောက်ကြောင့်ဖြစ်စေ ၊အခြားအခြေအနေကြောင့်ဖြစ်စေ ဓာတ်မတည့်သည့် ပြဿနာ အနည်းငယ် ရှိကြောင်းလည်း ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
ယခင် နေအိမ်အကျယ်ချုပ် ကျစဉ်ကလည်းပင်း အရိုးကျီးပေါင်းတက်သည့် ရောဂါကြောင့် နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ သူမလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ပိုမိုများပြားလာသောကြောင့် လေ့ကျင့်ခန်းပုံမှန် မပြုလုပ်နိုင်တော့ ဟု ဆိုသည်။
ယခုထက်တိုင်ထိ နုပျိုလှပနေသည့် လျို့ဝှက်ချက်မှာ ထွေထွေထူးထူးမရှိဘဲသူမရဲ့ အကောင်းမြင်စိတ်ထားများကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည့် ဒေါက်တာ ပြုံးအိမွန်ကပြောသည်။
အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍ အထူးတလည် ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။
မူရင်း - Yangon Press International http://www.facebook.com/ygnpress
Comments
စိုက်ပါလို့မေတ္တာရပ်ခံပါရစေခင်ဗျ..အန်တီစုကိုအနီးကပ်
ဆက်လက်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ဆ၇ာနဲ့ဆရာမ
တို့ကိုလည်းကျနော်တို့ကစိတ်ပူမိပါတယ်..အန်တီစုအပေါ်
ကို စိတ်ထားရိုးသားသန့်စင်စွာဖြင့်ဆက်လက်စောင့်ရှောက်
နိုင်ပါစေလို့ ရိုးသားစွာဆုတောင်းပေးပါတယ်.ခင်ဗျ.