Saung Luu - Poem

သွေးရိုးသားရိုး နိမိတ်
ဆောင်းလူ
ဇန်န၀ါရီ ၃၁၊ ၂၀၁၂



သစ္စာတရားကို အပေါင်ဆုံးခဲ့တဲ့နေ့က

အခြေအနေတွေဟာ ဖြစ်ပျက်မြန်ဆန်လွန်းတယ် …။

နိမိတ်တွေအတိုင်း ကျောရိုးတလျောက်
အတိတ်ဟာ အတူးဆွခံသက်သက် ...။

ဒီလိုနဲ့
အတိတ် ….
ပစ္စုပ္ပန် …
အနာဂတ် ….
လားရာတွေ ကိုယ်စီကိုယ်ငှ.
….
…..
လေထဲလည်းကြည့်ကြပါဦး ...
စကားလုံးတွေချည်း ဖောင်းပွနေတယ် ...။

ဒါကြောင့် ...
သတိ
အန္တရာယ်ရှိသည် ….။

Comments