Saung Oo Hlaing's concert

ဆောင်းဦးလှိုင် တကိုယ်တော်ပွဲမှာ အနှောက်အယှက်များနဲ့ကြုံရ
Shwe Thanzin ဖေ့စ်ဘုတ်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂

ဆောင်းဦးလှိုင် နဲ့ ရွှေသံစဉ်ကိုဝင်းမော် (ဓာတ်ပုံများ - Burma VJ Media Network)

မနေ့က(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေ လှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊ မြို့မကျောင်း လမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band က တီးခတ်ပေးပါတယ်။ ဥက္ကာဦးသာ ဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။

show မှာရမယ့် အနုပညာကြေးတွေအပြင် လာရောက်လှူဒါန်းကြတဲ့ ငွေတွေကို နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည် လှူဒါန်းသွားမှာဖြစ်ပါတယ်။

သူ့ရဲ့ပွဲကို ရွှေသံစဉ်တေးဂီတအဖွဲ့မှ ဂီတမှူး ကိုဝင်းမော်လည်း တက်ရောက် အားပေးခဲ့ပါတယ်။

သူ့ရဲ့ပွဲ မကျင်းပမီ ညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့ သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေလာမယ် ဆိုရင် ပွဲလုပ်ခွင့် မပြုဘူးလို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက လာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊

ဒါပေမယ့်သူ့ သူငယ်ချင်းတွေက နားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့ သူစိတ်မကောင်းစွာနဲ့ ဒီပွဲကို တင်ဆက်ခဲ့ရပါ တယ်။

နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊ မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်း လာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကို ပေးမ၀င်တာ၊ အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်း ပြုလုပ်ခံခဲ့ရပါတယ်။

၈၈ က မနီလာသိန်းတို့အဖွဲ့ ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့ မ၀င်ဖို့ ဟန့်တားခံခဲ့ရပါတယ်။

ဒီလို အခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင်ဟာ ဒီပွဲကို အောင်မြင်စွာ တင်ဆင်ခဲ့ပါတယ်။

နောက်ဆုံး (ကျောင်း )သီချင်းကို ပရိသတ်နဲ့ သံပြိုင် မတ်တတ်ရပ် သီဆိုကြရင်း ပွဲကို လှပစွာသိမ်းခဲံ့ ပါတယ်။




Comments