မိုးမခပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ် ထွက်မည်
မိုးမခ၊ ဖောဖော်ဝါရီ ၄၊ ၂၀၁၂
မှတ်စု မှတ်တမ်း သမိုင်း အချက်အလက်များ စုဆောင်း လေ့လာရေးသာရာတွင် အမည်ရသည့်
စာရေးဆရာဖြစ်သည့် သန်းဝင်းလှိုင်က ၎င်းစုစည်းထားသည့် "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ မိုးမခက အဆိုပါစာအုပ်ကို ပုံနှိပ်ဖြန့်ချိရာတွင် စာအုပ်ကို စုဆောင်း သိမ်းဆည်း ဖတ်ရှုလိုသည့် စာဖတ်သူများ ကြိုတင်မှာကြားသည့် အရေအတွက်အတိုင်း ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။
စာရေးဆရာဖြစ်သည့် သန်းဝင်းလှိုင်က ၎င်းစုစည်းထားသည့် "သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ" စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ မိုးမခက အဆိုပါစာအုပ်ကို ပုံနှိပ်ဖြန့်ချိရာတွင် စာအုပ်ကို စုဆောင်း သိမ်းဆည်း ဖတ်ရှုလိုသည့် စာဖတ်သူများ ကြိုတင်မှာကြားသည့် အရေအတွက်အတိုင်း ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။
အီးဘွတ်များနှင့် အင်တာနက်များ ကျေးဇူးကြောင့် ပုံနှိပ်စာအုပ်များ မှာယူရောင်းချရသည့် စာရိတ်စကမှာ သီးသန့်ဝန်ထုတ်ဝန်ပိုးဖြစ်နေသဖြင့် ယခုကဲ့သို့ Print on Demand နှုန်းဖြင့် စရိတ်ကျဉ်းကျဉ်း၊ ၀န်ကျဉ်းကျဉ်းဖြင့် စာအုပ်များကို ပုံနှိပ်ထုတ်ဝေရန် စီစဉ်မည်ဟု မိုးမခက စမ်းသပ်ခြင်း ဖြစ်သည်။
မြန်မာပြည်က သမိုင်းတလျောက် ထင်ရှားသောအမျိုးသမီးများအနက် နိုင်ငံရေးနယ်ပယ်မှ ၁၅ ဦး၊ မင်းမိဘုရားများ ၆ ဦး၊ ရှေးစာဆိုတော် ၁၀ ဦး၊ စာနယ်ဇင်းလောကမှ ၂၀ ဦး၊ သမိုင်းပညာရှင် ၄ ဦး တို့ကို ကောက်နုတ်ပြီး စုစုပေါင်း အမျိုးသမီးကြီး ၅၄ ဦးတို့၏ အကြောင်းကို သန်းဝင်းလှိုင်က မှတ်တမ်းပြုစု တင်ပြထားခြင်းဖြစ်သည်။
စာအုပ်ကို ကြိုတင်စာရင်းသွင်းမှာကြားသည့် အရေအတွက်အတိုင်း ပုံနှိပ်ထုတ်ဝေမည့်အပြင် ကျောင်းများ၊ စာကြည့်တိုက်များက အလိုရှိ၍ မှာကြားပါကလည်း အဆိုပါစာအုပ်အမှာအတွက် ဒါနပြုလိုသည့် အလှူရှင်များထံ မေတ္တာရပ်ခံပြီး ထည့်သွင်းပုံနှိပ်ကာ ပေးပို့လှူဒါန်းပေးမည် ဖြစ်သည်။ လက်ရှိ စာရင်းသွင်းထားသော ကျောင်းနှင့် စာကြည့်တိုက် ၂၀ အနက် ၁၀ ခုကို မိုးမခရန်ပုံငွေက လှူမည်ဖြစ်သည်။ စာအုပ်အလိုရှိသည့် ကျောင်းများ၊ စာကြည့်တိုက်များကလည်း စာရင်းပေးသွင်းနိုင်သည်။
စာအုပ် မှာ ၀တ္ထုစာအုပ်ဆိုက်၊ စာမျက်နှာ ၃၈၃ မျက်နှာ ရှိသည်။ တအုပ်လျင် ၁၅ US$ ဖြင့် ၀ယ်ယူနိုင်သည်။ ဖေဖော်ဝါရီလအတွင်း ပုံနှိပ်ဖြန့်ချိမည်။
စာအုပ်အတွက် အရင်းကြေပြီး စာဖတ်သူများလက်ထဲ စာအုပ်ရောက်ဖို့၊ စာအုပ်ဖြစ်ဖို့က အဓိကဖြစ်သည်။ စာအုပ်က အမြတ်ကျန်ခဲ့လျင် စာရေးဆရာနှင့် စာအုပ်ဖြစ်အောင်စီစဉ်သူများကို ဉာဏ်ပူဇော်ခ ပေးနိုင်မှာ ဖြစ်သည်။ မိုးမခကနေ မှာကြားပါ။
Pay Check to "MoeMaKa Multimedia"
MoeMaKa, PO Box 320207
San Francisco, CA 94132-0207
San Francisco, CA 94132-0207
အွန်လိုင်းကနေ ကြိုတင်မှာကြားရန် သည်နေရာကို သွားပါ။
Comments