U Tin Yee's statement on Daw Suu

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မှာကို ပြိုင်ဘက်တဦး ကန့်ကွက်
မိုးမခအထောက်တော် အမှတ် ဝဝ၁
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ကို ကန့်ကွက်သူ ပေါ်ပေါက်လာသည်။
၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကော့မှူးမဲဆန္ဒနယ်တွင် ၀င်ပြိုင်မယ့် ဦးတင်ရီ ဖြစ်သည်ဟု ဆိုသည်။
၎င်းက ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီကို ကိုယ်စားပြုပြီး ၀င်ပြိုင်မည်ဟု ဆိုသည်။
ယခု ၎င်း၏ ကန့်ကွက်လွှာ တင်သွင်းချက်ဆိုသော ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲပါ စာတစောင် အင်တာနက်တွင် ပေါ်လာသည်။ ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းမည့် ကန့်ကွက်လွှာပုံစံ ရေးထားသည်။

၁၉၉၀ ရွေးကောက်ပွဲကာလတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်ကို ကန့်ကွက်ခဲ့သူမှာ တစည ခေါ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ နိုင်ငံရေးသမားတဦး ဖြစ်သည်။

စာမျက်နှာ ၁

စာမျက်နှာ ၂-၃


စာမျက်နှာ ၄-၅


စာမျက်နှာ ၆-၇

Comments