ချိုးကူသံလမ်းကလေး (၅)
အောင်ဝေး
မတ်လ ၂၊ ၂၀၁၂

“ညိုထွန်းတို့လူစု မိဂဒါဝုန်သို့ရောက်ပြီ”*
ဒီလမ်း...။
မင်းကိုနိုင်တို့လူစု မြစ်ဆုံသို့ ရောက်ပြီ
ဒီလမ်း...။
ချိုးကူသံသဲ့သဲ့
ကြားနေရတဲ့
လမ်းကလေးပါကွယ်။
ရောင်စုံပန်းတွေကလည်း
လွမ်းပုံ...။
နေရောင် လရောင် ကြယ်ရောင်တွေကလည်း
လွမ်းပုံ...လွမ်းပုံ...။
“ပြည်သူ့ဘဝ
ဒေါင်းဘုရင်မ” တဲ့
ဒီလမ်းပေါ်က လွမ်းပုံ။
“ပြည်တော်ပြန်မယ်ထွေး
နန်းတက်မှအေး” တဲ့
တဘောင်တေးနဲ့ လွမ်းပုံ။
လမ်ကတော့
မှုန်မှုန်လေးပါ။
ဒါပေမဲ့
ယုံကြည်ရင်
လမ်းဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း
လွမ်းတယ်။
ဒီလမ်း
ခမ်းခမ်းနားနား။
စစ်ပွဲများရပ်ပစ်။ ။
(အိမ်စိုးမေနှင့် ရုပ်ရှင်ဂီတမောင်နှမများသို့) *သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည်
မတ်လ ၂၊ ၂၀၁၂

“ညိုထွန်းတို့လူစု မိဂဒါဝုန်သို့ရောက်ပြီ”*
ဒီလမ်း...။
မင်းကိုနိုင်တို့လူစု မြစ်ဆုံသို့ ရောက်ပြီ
ဒီလမ်း...။
ချိုးကူသံသဲ့သဲ့
ကြားနေရတဲ့
လမ်းကလေးပါကွယ်။
ရောင်စုံပန်းတွေကလည်း
လွမ်းပုံ...။
နေရောင် လရောင် ကြယ်ရောင်တွေကလည်း
လွမ်းပုံ...လွမ်းပုံ...။
“ပြည်သူ့ဘဝ
ဒေါင်းဘုရင်မ” တဲ့
ဒီလမ်းပေါ်က လွမ်းပုံ။
“ပြည်တော်ပြန်မယ်ထွေး
နန်းတက်မှအေး” တဲ့
တဘောင်တေးနဲ့ လွမ်းပုံ။
လမ်ကတော့
မှုန်မှုန်လေးပါ။
ဒါပေမဲ့
ယုံကြည်ရင်
လမ်းဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း
လွမ်းတယ်။
ဒီလမ်း
ခမ်းခမ်းနားနား။
စစ်ပွဲများရပ်ပစ်။ ။
(အိမ်စိုးမေနှင့် ရုပ်ရှင်ဂီတမောင်နှမများသို့) *သိန်းဖေမြင့်၏ စစ်အတွင်းခရီးသည်
Comments