Kyaw Thu - FFSS Yangon Activity,

လက်ဆင့်ကမ်း ဒါနပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၁၄၊ ၂၀၁၂





နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နေ့စဉ် နေ့တဓူဝ ကူညီပေးဆပ်ဖေးမမှုများ စဉ်ဆက်မပြတ်ရှိနေသလို လူ့သားချင်းစာနာသော မွန်မြတ် သည့်စိတ်ထားများဖြင့် လာရောက်လှူဒါန်းမှုများသည်လည်း စဉ်ဆက်မပြတ် ရှိနေခဲ့ပါသည်။

နေ့စဉ်လာရောက်၍ အလှူငွေများလှူဒါန်းကြသော အလှူရှင်များသည် သေဆုံးသူအားရည်စူး၍လည်းကောင်း၊ မွေးနေ့အလှူဒါနအဖြစ် လည်းကောင်း၊ သူငယ်ချင်းများတို့မှ စုပေါင်း၍လည်းကောင်း၊ လစဉ်လတိုင်းလှူဒါန်း၍လည်းကောင်း၊ မိခင် ဖခင်တို့အား အမှူးထား/ရည်စူး ၍ လှူဒါန်းခြင်းတို့အပြင် သုခဆေးခန်းအတွက် လိုအပ်သောဆေးဝါးများ၊ ဆေးခန်းသုံးပစ္စည်းကိရိယာများ၊ ပညာဒါနအဖြစ် သုခအလင်း စာကြည့်တိုက်အတွက် စာအုပ်စာပေများ လာရောက်၍ လှူဒါန်းခဲ့ကြသည်။ နာရေးကူညီမှုအတွက် အလှူငွေအပြင် အလှူမီနီယမ်အခေါင်းဖုံး၊ မှန်ခေါင်း၊ စတီးဗန်းစသဖြင့် ပံ့ပိုးကူညီ လှူဒါန်းခဲ့ကြသည့်အပြင် သဘာဝဘေးကြောင့် ဒုက္ခရောက်နေသော ပြည်သူလူထုတို့အတွက် အဝတ်အထည်၊ အိုးခွက်ပန်းကန် စသည်တို့ကိုလည်း ကြိုတင်လှူဒါန်းထားရာ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ လျှင်မြန်စွာဖြင့် ကူညီ ဖေးမမှုများ ပြုလုပ်နိုင်ရန်အတွက် ဖြစ်ပေသည်။





ထိုသို့လှူဒါန်းမှုများထဲမှ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် မြန်မာတပြည်လုံးရှိစာကြည့်တိုက်များမှ မိမိတို့အား လာ ရောက်ဆက်သွယ် အကူအညီတောင်းခံသော မြို့နယ်၊ တိုင်းဒေသများရှိ ပညာရေးဝန်ဆောင်မှုအဖွဲ့များ၊ စာကြည့်တိုက်များသို့ မိမိတို့ သုခ အလင်းစာကြည့်တိုက်ရှိ စာအုပ်စာပေများကို ခွဲခြမ်းစိတ်ဖြာ၍ တစ်ဆင့်ပြန်လည်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။

သုခကုသိုလ်ဖြစ်ဆေးခန်း အနေဖြင့်လည်း အနယ်နယ်အရပ်ရပ်ရှိ ကိုယ်ထူကိုယ်ထ ဆေးခန်းများအပြင် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ယခုထပ်မံ၍ ဖွင့်လှစ်မည်ဖြစ်သော သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး) သို့လည်း ငွေကြေး၊ ဆေးဝါး၊ ဆေးရုံကုတိင်၊ ဝှီးချဲ၊ အောက်ဆီဂျင်အိုး စသည်တို့ကို လက်ဆင့်ကမ်း လှူဒါန်းမှုများရှိခဲ့ပါသည်။

နာရေးနှင့်ပတ်သက်၍လည်း အနယ်နယ်အရပ်ရပ်ရှိ ကိုယ်ထူကိုယ်ထ နာရေးကူညီမှုအသင်းများတွင် အရေးတကြီးလိုအပ်နေသော မီး သင်္ဂြိုလ်စက်၊ အလူမီနီယမ်အခေါင်းဖုံး၊ စတီးဗန်း၊ နိဗ္ဗာန်ယာဉ် စသည်တို့ကို အသင်း၏စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ဖြင့် စနစ်တကျ ထပ်မံလှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။



အချုပ်ဆိုသော် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် “အသင်းသည် မိမိအတွက်မဖြစ်စေရ၊ မိမိကသာ အသင်းအတွက်ဖြစ် စေရမည်” ဟူသောဆောင်ပုဒ်အတိုင်း အများပြည်သူတို့အတွက်ရည်ရွယ်၍ ကူညီဖေးမမှုများကိုပြုလုပ်နေသော အသင်းဖြစ်သည်။ ထို့ ကြောင့် အများပြည်သူ (ပြည်တွင်း/ပ) မှ အလှူရှင်များ လှူဒါန်းထားသော အလှူငွေ၊ အထောက်အကူပြုပစ္စည်း၊ ဆေးဝါးစသည်တို့ကို မိမိတို့ အသင်းမှ အားလုံးကို လက်ဝါးကြီးအုပ်ထား၍မရ။ မိမိတို့သေဆုံးသွားပါက မိမိတို့နှင့်အတူပါသွားမည်မဟုတ်။ ထို့ကြောင့် မိမိတို့တွင် ရှိနေသော အလှူငွေနှင့်တကွ ပစ္စည်းဆေးဝါးများကို စည်းကမ်းစနစ်ကျစွာ လိုအပ်သောနေရာ၊ လိုအပ်သောပြည်သူ၊ လိုအပ်သောအသင်း အဖွဲ့များသို့ တစ်ဆင့်လှူဒါန်းမှုများပြုလုပ်ခြင်းဖြင့် “အများပြည်သူအတွက် အများပြည်သူကောင်းမှု” ဟူသော ကဗ္ဗည်းမှတ်တိုင်ကို ထူထောင် ထားပြီးဖြစ်ပါတော့သည်။



လှူဒါန်းကြသော (ပြည်တွင်း/ပ) အလှူရှင်များအားလုံးကို လှူဒါန်းမှုအစုစုအတွက် ကောင်းမှုအာရုံကို စူးစိုက်တည်ကြည် လေးနက်စွာဖြင့် သာဓု … သာဓု … သာဓု ဟူ၍ နက်ရှိုင်းစွာဖြင့်ခေါ်ဆိုမှုကို သောင်းထိုက်က ကြားကြပါစေသား ....။

Comments