အေဒီ ၁၄ ရာစုခေတ်က ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော် ဘယ်လဲ ဘာလဲ
မိုးမခစာဖတ်သူတဦး (ကမာရွတ်)
(မူရင်းဆောင်းပါး - ခိုင်လင်း(မေဃ၀တီ)ကို ဖတ်ရှုပြီး ပြန်လည်ကောက်နုတ်ကိုးကား
ရေးသားသည်)
မေ ၁၂၊ ၂၀၁၂
(ကိုးသောင်းဘုရား၊ မြောက်ဦး၊ ဓာတ်ပုံ - အင်တာနက်)
(ထုပ်ခံသိမ်၊ မြောက်ဦး၊ ဓာတ်ပုံ - အင်တာနက်)
၂၀၁၂ မေလ ၃ ရက်နေ့ က Global
Heritage Fund ( ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ) က အာရှတိုက်ထဲမှာ ရှေးဟောင်းယဉ်ကျေးမှု
ဆယ်ခုဟာ ပျက်စီးပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်နေရတဲ့အကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်
။ အဲဒီဆယ်ခုထဲမှာ မြန်မာနိုင်ငံထဲက ရခိုင်အမျိုးသားတွေရဲ့ ရှေ့ ဟောင်းမြို့ တော် မြောက်ဦးမြို
့တော်လည်းပါဝင်ခဲ့ပါတယ် ။ နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ အဲဒီကြေငြာချက်ကို သတင်းအဖြစ်ရေးသားခဲ့ပါတယ်
။
နိုင်ငံတော်ပိုင် ကြေးမုံသတင်းစာမှာ
ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် မေလ(၄)ရက်ထုတ်မှာ
ပါလာပါတယ် ဆိုသော်လည်း ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ကို မဖော်ပြဘဲ ထိန်ချန်ခဲ့တာတွေ
့ရတယ် ။ နိုင်ငံတော်ပိုင် မီဒီယာတခုဖြစ်တဲ့ ကြေးမုံသတင်းစာက ကိုယ့်နိုင်ငံရဲ့ ရှေးဟောင်းမြို
့တော်တခုကို ဘာကြောင့်ထိန်ချန်ခဲ့ရသလဲလို့ မေးရပါလိမ့်မယ် ။
အဲဒီသတင်းရေးသားချက်ကို မပြောခင် ဒီနေရာမှာ
ပြောချင်တာက အဲဒီ ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့က ပြောသလို တကယ်ဘဲ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက
ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီး ပျောက်ကွယ်ရမယ့် ဘေးနဲ့  ရင်ဆိုင်တွေ
့ကြုံနေပြီလား ။
အဲဒီ အန္တရာယ်တွေက ဘာတွေလဲ စသဖြင့် သုတေသနလုပ်ရပါလိမ့်မယ်
။
အဲဒီ သုတေသနစစ်တမ်းတွေရဲ့ အဖြေတွေအတိုင်း
ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဟာ လက်ရှိ အစိုးရသစ်ရဲ့တာဝန်ဖြစ်တယ် ။ တဖက်မှာလည်း
နိုင်ငံတော်ပိုင် မီဒီယာဘဲဖြစ်ဖြစ် တသီးပုဂ္ဂလမီဒီယာဘဲဖြစ်ဖြစ် ဒီကိစ္စကို အရှိကို အရှိအတိုင်း
သတင်းကို သတင်းအတိုင်း ဖော်ပြသင့်တယ် ။ ထို့ အတူ ထိမ်းသိမ်းကာကွယ်သင့်တဲ့အကြောင်းတွေကို
ဆော်သြသင့်တယ် ။
ကိုယ့်ပြည်ထောင်စု နိုင်ငံတော်ထဲက ရှေးဟောင်းအမွေအနှစ်တခုဖြစ်တဲ့
ပြည်ထော်စုတိုင်းရင်းသားတစုရဲ့ ရှေးဟောင်းမြို့ တော်ကို ဖျောက်ဖျက်ဖို့ ကြိုးစားမှုတခုလား။
ဒီလိုမျိုး ဖျောက်ဖျက် ဖုံးကွယ်မယ်ဆိုရင်
ဒီကြိုးစားမှုဟာ "ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး" တနည်းအားဖြင့်
"ငြိမ်းချမ်းတည်ငြိမ်တဲ့ စစ်မှန်တဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး"
ကို အဟန့်အတားဖြစ်စေတယ်ဆိုတာကိုတော့ ရဲရဲကြီး ပြောရဲပါတယ် ။
ရခိုင်မဟုတ်တဲ့ ရှမ်း ၊ ကချင် ၊ ကရင်
၊ မွန် ၊ ချင်းစတဲ့ အခြားအမျိုးသားတွေအတွက် နဂိုရှိပြီးသား မယုံကြည်မှုတွေကို ပိုလို
သံသယဖြစ်အောင်တွန်းပေးသလိုဖြစ်စေပါလိမ့်မယ် ။
ကာယကံရှင် ကိုယ်တိုင်ဖြစ်တဲ့ ရခိုင်အမျိုးသားတွေ အတွက်ကတော့ ကျားနာကို ဆွပေးလိုက်သလိုမျိုး
တနည်းအားဖြင့် လှုပ်နိုးလိုက်သလိုမျိုးဖြစ်စေတာ အမှန်ပါဘဲ ။
ဗမာအမျိုးသားတွေရဲ့ ရှေးဟောင်းမြို
့တော်ဖြစ်တဲ့ ပုဂံနဲ့ နှိုင်းစာရင် ရခိုင်အမျိုးသားတွေရဲ့ ရှေးဟောင်းမြို့ တော်ဖြစ်တဲ့
မြောက်ဦးမြို့တော်ဟာ ခေတ်သစ်မြန်မာနိုင်ငံတော် အုပ်စိုးသူအဆက်ဆက်ရဲ့ ကျဉ်ဖယ်ခြင်း(ဂရုမစိုက်ခြင်း)ကို
အစိုးရအဆက်ဆက်ဆီမှာ ခံခဲ့ရပါတယ် ။
ပုဂံကို စာတတန် ပေတဖွဲ့  ဂုဏ်ပြုထောပနာပြုနေကြပြီး
ပုဂံကို မပျက်စီးရအောင် အစွမ်းကုန် ထောင့်စုံအောင် မွမ်းမံခြယ်သ ထိမ်းသိမ်း စောင့်ရှောက်နေကြချိန်မှာ
ရခိုင်ပြည်က ရှေးဟောင်းမြို့ တော်မြောက်ဦးကိုတော့ ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့  မဟာဗျူဟာတွေ
၊ နည်းဗျူးဟာတွေ ရေးဆွဲနေသလားလို့ မေးခွန်းထုတ်ရပါလိမ့်မယ်။
နောက်တချက် မန္တလေးနန်းတော်နဲ့ မြောက်ဦးနန်းတော်ကို
နှိုင်းယှဉ်ကြည့်ပါ ။ မန္တလေးနန်းတော်ဟာ သမိုင်းအမွေအနှစ်အဖြစ် ကျန်ခဲ့ပေမယ့် မြောက်ဦးနန်းတော်ကတော့
မရှိတော့ဘူး ။ နောက်ဆုံး နန်းတော်ရဲ့ အုတ်မြစ်တွေကိုပါ တူးဖြိုပစ်မယ့် မဟာဗျူဟာရဲ့
လုပ်ဆောင်ချက်တွေဟာ ကျားနာကို လှုပ်နိုးသလိုဖြစ်ပါလိမ့်မယ် ။
ဘာပဲပြောပြော အဲဒီအဖွဲ့ ရဲ့ အစီရင်ခံစာထဲက
ပျက်စီးပျောက်ကွယ်ရမယ့်ဘေးတွေကတော့
(၁)
စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့် လာခြင်း
(၂)
လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှု မရှိခြင်း
(၃)
လုယက်ခြင်း
(၄)
စစ်မက်ဖြစ်ပွားခြင်း
(၅)
ခရီးသွားလုပ်ငန်းတွေကြောင့်လို နားလည်ပါတယ် ။
အာရှတိုက်ထဲက ရှေးဟောင်းအမွေအနှစ်ဆယ်ခုစလုံးကို
ယေဘုယျအားဖြင့် ဖျက်ဆီးနိုင်မယ့်ဘေးအန္တရာယ်တွေလို့ သဘောပေါက်ပါတယ် ။
ဒါပေမယ့် မြောက်ဦးမြို့ တော်အနေနဲ
့ကတော့
စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှု
၊
လုံလောက်သော ပြုပြင်ထိမ်းသိမ်းမှုနဲ့
ခရီးသွားလုပ်ငန်းစတဲ့ သုံးခုနဲ့သာ ပတ်သက်ပါလိမ့်မယ်
။
အထူးသဖြင့်ကတော့ ပြုပြင်ထိမ်းသိမ်းမှုကို မစို့ မပို
့ပြုလုပ်ပေးပြီး ခရီးသွားလုပ်ငန်းဆိုတဲ့ ကိစ္စကိုတော့ လက်ရှိကာလမှာ ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က
တရားဝင်ဖျက်ဆီးပစ်မယ့်စီမံကိန်းလို့ မြင်ပါတယ် ။ ဒီအမြင်အပေါ်မှာ ကမ္ဘာ့အမွေအနှစ်ရန်ပုံငွေအဖွဲ
့ ထောက်ပြတာဖြစ်ပါလိမ့်မယ် ။
စစ်အစိုးရလက်ထက်ကရော လက်ရှိ ဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာပါ
ဒေသဖွံ့ ဖြိုးရေးအတွက် ကားလမ်း ရထားလမ်းများဟာ ရခိုင့်ယဉ်ကျေးမှုများ တိမ်ကော ပျက်စီးသွားမယ့်
နေရာများကိုသာ ရွေးချယ်ခဲ့ကြတာတွေ့ ရတယ် ။
ကမ္ဘာအမွေအနှစ်များရန်ပုံငွေအဖွဲ့ ရဲ့ အာရှတိုက်ထဲက စိုးရိမ်စရာဆယ်ခုထဲမှာ ပါဝင်တဲ့ ခေတ်သစ်မြန်မာနိုင်ငံတော်ထဲက
ရခိုင့်ရှေးဟောင်း မြောက်ဦးမြို့ တော်ဟာ ပျက်စီးဆုံးရှုံးရမယ့် ဘေးအန္တရာယ်တွေနဲ့ 
ကြုံတွေ့ နေရခြင်းဟာ သဘာဝဘေးအန္တရာယ်မျိုးမဟုတ်ဘဲ စီမံကိန်းရှိရှိလုပ် ဆောင်နေခြင်းဖြစ်တဲ့အတွက်
အဲဒီလုပ်ရပ်တွေကို ယဉ်ကျေးတဲ့လူ့ အဖွဲ့ အစည်းတွေအနေနဲ့ ဝိုင်းဝန်းဆန့် ကျင်သင့်တယ်လို
့ပြောချင်တယ် ။
မြောက်ဦးမြို့တော်ရဲ့ စိုးရိမ်စရာအခြေအနေတွေအထဲမှာ
ယဉ်ကျေးမှုလက်ရာတွေဖြစ်တဲ့ ကျောက်ဆစ်လက်ရာတွေအပါအ၀င် မြောက်ဦးမြို့တော်ထက် ရှေးကျတဲ့
ဓည၀တီမြို့တော် ဟောင်းနဲ့ ဝေသာလီမြို့တော်ဟောင်းတွေဟာလည်း အသက်ငင်လျက်ရှိပါတယ် ။
ပြည်ထောင်စုသားအသီးသီးစီရဲ့ ယဉ်ကျေးမှုတွေကို စနစ်တကျ
ဖျက်ဆီးခံနေရတာကြောင့် ရခိုင်အမျိုးသားတွေအပါအ၀င်
ပြည်ထောင်စုတိုင်းရင်းသားတွေ အားလုံးကလည်း အမျိုးသားရေးအမြင်အနေနဲ့  ရှေးဟောင်းယဉ်ကျေးမှုတွေကို ဘယ်လို ထိမ်းသိမ်း ကာကွယ်ကြမလဲဆိုတာကတော့
စိန်ခေါ်မှုတရပ်ဖြစ်နေမှာကတော့ သေချာပါလိမ့်မယ် ။
။
Comments
ရခိုင်အမျိုးသားတွေရဲ့ယျဉ်ကျေးမှုတွေစနစ်တကျဖျက်ဆီး
ခံရတာတွေက ရင်နာဖို့ကောင်းပါတယ်..
ဒီမြောက်ဦးမြို့တော်ဆိုရင် ၁၄ရာစုမှာမင်းစောမွန်တည်ထား
ခဲ့တဲ့မြို့ဖြစ်ပါတယ်.အခုဆိုရင်တစ်မြို့လုးံအုပ်ပုံတွေဖြစ်နေ
ပါတယ်..မိုးဒဏ်လေဒဏ်ကတစ်မျိုးစစ်တပ်ကတစ်မျိုး
ဆောက်လုပ်ရေးစီမံကိန်းတွေကတစ်ဖုံ..ဒေသခံတွေကကန့်
ကွက်ပေမယ့်လိုက်နာခြင်းမရှိတဲ့အပြင် တုံ့ပြန်မှုတွေက
ပြင်းထန်လှပါတယ်.ဓည၀တီမြို့တော်ဆိုရင်
ဘုရင်မာရယု ကဘီစီ၃၃၂၅ မှာတည်ထားခဲ့တာပါ.
အခု တူးထားတာ မြို့ရိုး နန်းတော်ကုန်းနဲ့တခြားအ
ဆောက်အဦးတွေမြေပေါ်ကြွတက်လာပါပြီ.
နိုင်ငံခြားသားတွေမြင်ရင်မြန်မာအားလုံးအတွက်ဘယ်
လောက်ဂုဏ်ယူစရာကောင်းလည်း..မြန်မာပြည်မှာအ
စောဆုံးမြို့ပြနိုင်ငံ အရှေ့တောင်အာရှမှာအစောဆုံးမြို့
ပြနိုင်ငံ .ခေတ်သစ်မြန်မာစာမျက်နှာမှာ ရခိုင်တွေရဲ့ယဉ်
ကျေးမှုလို့မမြင်သင့်ပဲ.မြန်မာတစ်နိုင်ငံသားလုံးရဲ့ယဉ်
ကျေးမှု လူယဉ်ကျေးမှုလို့မြင်သင့်ပါတယ်.အဖျက်အစီး
များကင်ဝေးပါစေဗျာ