Maung Maung So Lay - Thangyat host in Rangoon


 မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့ ဖျော်ဖြေပွဲ
တာရာဝေယံ၊ ရန်ကုန်၊ မေ ၈၊  ၂၀၁၂
မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့ရဲ့ ဂုဏ်ပြုဖျော်ဖြေပွဲကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ သီရိခန်းမမှာ ဒီနေ့နံနက် ၁၀း၀၀ နာရီမှ နေ့လည် ၁း၀၀ နာရီအချိန်ထိအောင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

ပွဲစီစဉ်သူတွေ ကတော့ မောင်မောင်ဒီမိုအောင်ထွန်း နဲ့ မောင်မောင်ဝင်းကျော့မှူး တို့ဖြစ်ပြီး မြောက်ဥက္ကလာမှ လူငယ်များက အင်အားဖြည့်ထားကြပါတယ်။ ဒီပွဲမှာ ခေတ်စနစ်ကို ထင်ဟပ်သရော်တဲ့ သံချပ်များ၊ သီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်များနဲ့ ဖျော်ဖြေခဲ့ပြီး ပရိသတ်အပေါင်းရဲ့
လက်ခုပ်သံနဲ့အတူ ဆုတော်ငွေများချီးမြှင့်ခဲ့ရတဲ့ အောင်မြင်တဲ့ တင်ဆက်မှုတစ်ခုဖြစ်ကြောင်း သတင်းရရှိပါတယ်။



Comments