Facebook and Daw Suu

အလုပ်များလွန်းသဖြင့် Facebook မသုံးနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
AP သတင်းဌာန
ဇွန် ၂၊ ၂၀၁၂

(AFP photo)


ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မျှော်လင့်ချက်ထားသော်လည်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Facebook အသုံးပြုရန် မျှော်လင့်ထားခြင်းမရှိချေ။

အသုံးပြုသူ သန်း ၉၀၀ ရှိသော လူမှုကွန်ရက် Facebook နှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည်တွင် အစီအစဉ်ရှိမရှိ ယမန်နေ့က ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။

ပြီးခဲ့သည့် ၂၂ နှစ်အတွင်း ကာလများစွာ ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်က နည်းပညာသစ်တခုအား လေ့လာ အသုံးပြုရန် ပြဿနာ မရှိကြောင်း၊ သို့သော်လည်း အချိန်ပေးနိုင်ရန် ခက်ခဲဖွယ် ရှိကြောင်း ပြန်လည် ဖြေကြားလိုက်သည်။ အချိန်ပေးနိုင်သည့် ကာလသို့ ရောက်လျှင် Facebook သုံးမည်ဟုလည်း ပြောဆိုလိုက်သည်။

“နည်းပညာသစ်တွေ ပြောင်းလဲနေတဲ့ကာလမှာ ရှေ့ဆက်ပြီး ဘာဖြစ်လာမယ် ဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။ Facebook ဟာ အနာဂတ်မှာ ခေတ်စားချင်မှ စားတော့မယ်။ အဲဒီလိုဆိုရင်တော့ ကျမ Facebook သုံးတော့မှာ မဟုတ်ဘူး” ဟု ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် မြန်မာပြည်သားများ အင်တာနက် အသုံးပြုရာတွင် အစိုးရ၏ ပိတ်ဆို့မှုများနှင့် ကြုံခဲ့ရသည်။ ယမန်နှစ်က ရွေးကောက်ခံရပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေသည့် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရက ပိတ်ဆို့မှုအများစုကို ဖြေလျှော့ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းခံရရာမှ လွတ်မြောက်အပြီး မကြာမီ နေအိမ်တွင် အင်တာနက် အသုံးပြုခဲ့သည်။

(AP သတင်း တပုဒ်ကို မိုးမခက ဘာသာပြန်သည်)

Comments