Adit Htan Sayadaw 65th birthday to hold local and abroad


အဓိဋ္ဌာန်ဆရာတော် အရှင်ကုလရက္ခိ ၆၅ နှစ်ပြည့် မွေးနေ့မင်္ဂလာ  ၃ နိုင်ငံတွင် ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၆၊ ၂၀၁၂
ရခိုင်ပြည်၊ စစ်တွေမြို့၊ အဓိဋ္ဌာန်သိမ်တော်ကြီး၊ မင်းပြားမြို့နယ်၊ စွဲရဲကျေးရွာ၊ ကုလရက္ခိတကုန်းတော်နှင့် ရန်ကုန်မြို့၊ မဟာကျိန် သစ္စာရှင် ဘုရားကြီးတို့ တည်ဆောက်ထူထောင် လှူဒါန်းသူ မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော် အရှင်ကုလရက္ခိ၏ ၆၅ နှစ်ပြည့် အခမ်းအနားကို အဆိုပါ ဌာန ၃ ရပ်တွင် ကျင်းပမည့်အပြင် သြစတြေးလျ၊ စင်္ကာပူ နှင့် အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုမြို့တော်တို့တွင်လည်း ဒကာ၊ ဒကာမများ စုပေါင်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဆရာတော်သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ် အရေးအခင်းဖြစ်ပွားခဲ့ပြီးနောက်၊ ဆရာတော်၏ စစ်တွေကျောင်းတိုက်တွင် ဒုက္ခသည်ပေါင်း ၂ ထောင်ခန့် ခိုလှုံနေကြကြောင်း သိရှိရသည်။ ဆရာတော်သည် ရခိုင်ပြည်နယ်တွင်းရှိ ပညာရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်သည့် လူမှုရေးလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပြည်ပ လှည့်လည်ပြီး ဘုရား စေတီများ ဆောက်လုပ် လှူဒါန်းခြင်းတို့ လုပ်ကိုင်လျက်ရှိသည်။
အသေးစိတ်ကို ကြော်ငြာစာရွက်တွင် ကြည့်ရှုနိုင်ပါသည်။

Comments