Mar Mar Aye - 431

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၃၁)
မာမာအေး
ဇူလိုင် ၂၂၊ ၂၀၁၂



သဇင်

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးရဲ့ “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” လို့ ခေါင်းစဉ်ပေးထားတဲ့ အစီအစဉ်လေးမှာ ဂီတအကြောင်း၊ ဂီတလေါကထဲကအကြောင်း၊ ဂီတသမားတို့အကြောင်းတွေနဲ့ မာအေးခေါ်တဲ့ သီချင်းသည်မလေးရဲ့ ၀န်းကျင်က အထင်ကရ တွေ့ထိသိမြင် အကြောင်းစုံလင်တွေကို ပြောပြလာခဲ့တါ များလှပါပြီနော်။
ချစ်ရတဲ့ ဂီတမိတ်ဆွေတို့ရဲ့ အချိန်တွေ အဟောသိကံ မဖြစ်တန်ဘူး ထင်ပါရဲ့။ “မသိခဲ့နိုင်တာလေးတွေ သိရတာပေါ့” လို့ ချစ်သူတို့ဖက်က အသံလေးတွေ တက်လာတာ ကြားသိရတဲ့အတွက် ၀မ်းသါ အမောပြေ ကျေးဇူး ကုဋေတင်နေမြဲပါ။

အနေဝေးသော်လဲ - ရေကိုဘဲ ဓါးနဲ့ခုတ်ရင် ပြတ်ချင်ပြတ်လိမ့်မယ်၊ ကိုယ့်မွေးမြေ ကိုယ့်လူတွေနဲ့ မာအေး ပြတ်ဖို့က ဝေးသါးကလား။ စားစားသွားသွား နားနားနေနေ လူမရောက်တာတခုဘဲ ရှိတာလေ။ သိပ္ပံထွန်းကါးတဲ့ ခေတ်ကြီးမှာ ကိုယ့်တိုင်းပြည် ဘာတွေဖြစ်နေသလဲ ဆိုတာက အစ သိနိုင်နေရတော့ နီးနီးဝေးဝေး တူတူပါဘဲ။

လွှတ်တော်ကြီးထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ်ရွေးကေါက်ပွဲမှာ အောင်နိုင် အရွေးခံရတဲ့ အမတ်မင်းပေါင်း လေးဆယ်ကျော် တက်ရောက် ကျမ်းသစ္စာကျိန်ဆိုကြတယ် တဲ့။ ပြည်သူချစ်တဲ့ “အောင်ဆန်းရင်သွေး စုကလေး” တို့ ပြည်သူ့ကိစ္စ အကျိုးမျှအောင် စည်းဘောင်အတွင်း ချင်းနင်းဝင်ပေါင်းနိုင်တဲ့ အကြောင်း ကြားရတော့ ငြိမ်းချမ်းဖို့ရာ အလါးအလာ ထင်ရှား ထင်ရှားလာနေတာလို့ အကေါင်းဖက်ကမြင်၊ အကေါင်းဖက်ကတွေး၊ အကေါင်းတွေချည်း ဖြစ်လာပါစေလို့လဲ ဆက်ပြီး ဆုတောင်းရသေးတယ် သောတရှင်တို့ရဲ့။

ကိုယ်က ဂီတအနုပညာသမား ဆိုတော့ တိုင်းပြည်အေးမှ ငြိမ်းချမ်းမှကြိုက်တာ၊ ကိုယ်ထုတ်လုပ်တဲ့ အနုပညာကို မငြိမ်းချမ်းတဲ့ နှလုံးသားနဲ့ နားမထောင်စေ့ချင်ဘူးရှင်။ သူတို့ရင်အေးမှ တေးအလှကို ခံစားနိုင်မှာမို့လို့ ဆုတောင်းဖြစ်တာပါဘဲ။ တိုင်းပြည်ကို ကေါင်းအောင် ခေါင်းဆောင်မယ့်သူတွေ မာအေးတို့ ပန်တျာလောကကိုလဲ သတိရပါစေလို့ ထပ်ပြီး ဆုတောင်းရဥိးမယ်ရှင့်။ မာအေးတို့လောကအတွက် ဥပဒေ ဥပဒက်တွေ လိုအပ်နေလို့ပါ။ ပါးစပ် ဥပဒေနဲ့ အစဉ်အလာကလေး လိုက်နာနေလို့ တချို့ ပြေလည်ကြပေမယ့် ဂီတ ဥပဒေရယ်လို့ အတိအကျမရှိတဲ့အတွက် ဈေးကွက် မတည်ငြိမ်၊ လူလိမ်တွေသာ သူဋ္ဌေးဖြစ်၊ ကြာလေလေ နစ်လေလေ ဖြစ်နေကြလို့ပေါ့ရှင်။

ဂီတသမား အများစုဟာ “စာပေ - ၀တ္ထု၊ ရတု-ကဗျာ၊ ပျို့-လင်္ကါနှင့်၊ သာသည်သီချင်း၊ အဲ ... စောင်းညှင်းကို၊ ဖတ်-ရွတ်-လေ့ကျက်၊ တီးမှုတ်လျက်သာ နေကေါင်းစွာ” လို့ အဖိုး ၀န်ကြီး ပဒေသရာဇာ ရေးခဲ့တဲ့ မှတ်တမ်းအတိုင်း နေလိုက်ကြတယ် ထင်ပါရဲ့။ တီးနေရ - ဆိုနေရရင် ပြီးရော - ဘ၀ကို မျှောထားခဲ့ကြတာများပါတယ်ရှင်။ ရှေးက ဆရာသမား လူကြီးများလို မှတ်တမ်းမှတ်ရာ နှောင်းလာတို့အတွက် ထားရမှာတောင် မေ့နေကြပုံ ပေါ်တယ်။ ရှေးတချိန်ကတော့ ဂီတကို သုံးခဲ့တာ ထီးဘုရင်မင်းနဲ့ နန်းတွင်းမှာပါ။
ပညာရှိဝန်ရှင်တော်တွေရဲ့လက်ထွက် - ဂီတမာလာ တော်ဝင်ပညာတွေအပေါ်မှာ လိမ်ညာကေါက်ကျစ်၊ အရောင်းအ၀ယ်စံနစ်မှ ဖြစ်စရာ မရှိဘဲကိုး၊ ရိုးရိုးအေးအေးနေလို့ ရပေတာပေါ့ရှင်။ နန်းတွင်းက အနုပညာအမွေခံ ပန်တျာသည်တွေဟာလဲ အရှင်နှစ်ပါး ပါတော်မူရှာကါမှ ပြည်သူခေါ်ပင့်ရာ ရပ်ဒီတာကို လိုက်ပါဖြန့်ဝေ ဂီတတွေ ရောက်စေခဲ့တာတွေ ပြောပြီးပါပြီလေ။

ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရလာတဲ့အခါ အာဇာနည်အ၀င်အပါ ဆရာကြီး ဒီးဒုတ်ဦးဘချိုရဲ့ အစီအစဉ်နဲ့ အဝေးရောက်မင်းလို့ ခေါ်ကြတဲ့ “ဦးအောင်ကြီး” ကို ရှာဖွေ အထွေထွေသော ယဉ်ကျေးမှု စာပေ ဂီတတွေကို ပြနစုခဲ့ကြရပါတယ်။ မာအေးရဲ့ဆရာ အလင်္ကါကျော်စွာကြီးကိုယ်တိုင်လဲ ဦးထိပ်ပန်ဆင် “ရကန်” အဆိုကို အရ သင်ခဲ့ပါသတဲ့။ မာအေးရဲ့ အဆိုကျောင်းသားတွေကို ဆရာကြီး ဦးဘသန်း ကြွရောက်ပြီး သူ့အတွေ့အကြုံတွေကို ပြောပြ ဆိုပြတုန်းက အမှတ်တရအသံ နာခံကြည့်ရအောင်လားရှင်။

*(ဆရာဦးဘသန်းအသံ+ရကန်) [စကါး] အဝေးရောက် ဦးအောင်ကြီးရဲ့မူဖြစ်ပါတယ်။ ဒီ ဦးအောင်ကြီးရဲ့မူကို ကျနော်ကိုယ်တိုင် နှုတ်နဲ့လဲ သင်ပါတယ်။ နုတ်နဲ့လဲဘဲ လိုက်ရေးထားပြီးတော့မှ ဦးဘချိုရဲ့ ညွှန်ကြားချက်အရ အဝေးရောက်မင်းရဲ့ ရကန်ဆိုပုံဆိုနည်းအတိုင်း ဆိုပြပါမယ်။

(ရကန်) စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် ...၊ နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး။ ။
နွေလသန်ပေါက်၊ ယဉ်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေ ဆင်ကြသည်၊ ရွှေပင်ဆင့် ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်၊ ဂမုန်းအင်ဘက်၊ ဆောင်စက်ရိပ်ခို၊ ရည်တွက်လို့ဆိုတော့မည်။ ။
လက်တန်တိုတမည်၊ လက်တန်ရှည်နှင့်၊ နေရောင်ခြည်၊ လရောင်ဝါ၊ မိုးလုံးပြာ မိုးလုံးမှိုင်း၊ ပုလဲဆိုင်း ပုလဲနှစ်၊ ချစ်စရာ့ လိပ်ပြာတောင်။ ။
နီလာရောင် တောင်လုံးမြိုင်၊ သုံးပွင့်ဆိုင် ခိုင်လုံးဆန်း၊ ပင်လုံးလန်း၊ နွယ်တံယိမ်း - ညှာတံစိမ်းများတို့၊ လေသိမ်းတိုင်းလှ ကိန္နရီကသည်နှယ်။ ။
တချို့က နီပြာပြာ၊ တချို့က ဖြူဝါ၀ါ၊ တချို့မှာ ချိတ်ပွင့်၊ တချို့မှာ ပန်းရင့်လို့၊ ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံခြင်းတွင်။ ။
ဝေယန်နန်းမြင့်၊ ပင်တိုင်းတင့်မို့၊ မြို့ဝန်မင်းစာ လိပ်မပါဘဲနှင့်၊ ကွယ်ရာဈေးပြင် ရောင်းလို့များ မြင်မလာ့၊ သေချင်သေ ရှင်ချင်ရှင်၊ အင်မတန့်အင်မတန် ရာဝတ်တော်ခံရသည်၊ မြတ်ပန်တော်ပန်း ခိုင်လုံးလန်းကို၊ ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြေင့် ၀င့်မတုန်း၊ ဘုန်းနှင့်ကံနှင့် ရွှေသဇင် xxx

ချစ်ဆွေတို့ရေ၊ မြို့ဝန်မင်း ခွင့်ပြုစာ မပါဘဲ၊ 'သဇင်ပန်း'ကို နန်းပြင်မှာထုတ်၊ ရောင်းတုတ်ခဲ့ရင်တောင်မှ ရာဇ၀တ်ဒဏ် အထားခံရမယ်တဲ့ရှင့်။ ကြားလိုက်တယ မဟုတ်လား။ ဘုရင့်စက်တော်ခန်းအတွက် အဖေါ်ဂီတများ ဖြစ်ခဲ့သော ပိုဆိုးလိမ့်မယ် ထင်တယ်နော။ ဒါကြောင့်များ မခိုးယူရဲတာလား အတွေးများမိပါတယ်ရှင်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် - မျိုးဇော်

Comments

Thantzinoo said…
အဆိုတော်ကြီး မာမာအေးရဲ့ ပြောပြစရာတွေ တပုံကြီး ရှိသေးတယ် အသံဖိုင်များ ဒေါင်းလော့လုပ်ချင်လို့ပါ..

မိုးမခမှာ စာဖိုင်များတွေ့ပေမဲ့ အသံဖိုင်များကို ရှာလို့မရ ဖြစ်နေပါတယ်..

ဘီဘီစီ မြန်မာပိုင်းမှာ ရှာတာလည်း အသံဖိုင် ၁၀ ဖိုင်လောက်ပဲ တွေ့ပါတယ်..

ကိုယ့်ရဲ့ ညံ့ဖျင်းမှု မကျွမ်းမှုလို့ ထင်ပါတယ်

အသံဖိုင်များအားလုံးကို တစုတဝေးတည်း ရနိုင်မယ့် နေရာလေး ညွှန်ပြပေးစေလိုပါတယ်ခင်ဗျာ..

စာဖိုင်များ တကူးတက အပင်ပန်းခံ ရိုက်တင်ပေးတဲ့ ကိုမျိုးဇော်နဲ့ မိုးမခကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်..
Admin said…
Thantzinoo ရဲ့ အီးမေးလိပ်စာ ဒီနေရာမှာ ထားခဲ့ပါ။
အသံဖိုင်ရဖို့ တောင်းဆိုပေးပါ့မယ်။
Thantzinoo said…
thantzinoo.pyapon@gmail.com ပါခင်ဗျာ..

တစ်စုတဝေးတည်း ရနိုင်မယ့်နေရာလေး (သို့) လင့်လေးလောက် ရရင်ကိုပဲ ကျေးဇူးတင် ဝမ်းမြောက်လှပါပြီ..

Media fire ကဲ့သို့သော ဒေါင်းလော့ဆိုဒ်များမှ upload တင်ပေးထားသော လင့်များရရှိပါကလည်း အဆင်ပြေပါသည်ခင်ဗျာ..

မျှော်လင့်ချက်မထားသော ပေးဆပ်မှုတိုင်းကို ဦးညွှတ်လျှက်..
Admin said…
Thantzinoo ရဲ့ အီးမေးလိပ်စာ ရောက်ပါပြီ။
သက်ဆိုင်သူများကိုပေးပို့လိုက်ပါသည်။