Without License Car to be caught at Thai Border


နယ်စပ်ဖြတ်ကျော် လိုင်စင်မဲ့ကားများ ဥပဒေအရ အရေးယူမည်
မိုးမခပေးစာ၊ ဇူလိုင် ၂၇၊ ၂၀၁၂ ( စောအယ်းဒူး၊ ဘားအံ )
ကောကရိတ် ဖားအံ လမ်းရှိ ဂျိမ်းတံတားတွင် တာဝန်ကျနေသောအရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားတင်ပြရပါသည်။
“ …  လိုင်စင်မဲ့ကားများအား စိစစ်အရေးယူရမည် ဆိုသည့်ဥပဒေမှာ ဟိုးအရင်အချိန်များကတိုင်းက ရှိပြီးသားဖြစ်ပါတယ်။ ယခုအခါ လိုင်စင်မဲ့ကားများ နေ့စဉ် ဆင်းနေပါတယ်။ ဆင်းလာတဲ့အခါမှာလည်း နယ်လိုင်စင် ရမည်ဆိုသည့်အချက်ကြောင့် ဘားအံတွင် စောင့်ရန်ဆိုပြီး ဆင်းသည့်သူများရှိသကဲ့သို့ မည်သူ့ကားဖြစ်သည် မည်သည့်အဖွဲ့အစည်းပိုင်ကား၊  ဘယ်ဝန်ကြီးချုပ် ၊ဘယ်သူနဲ့ ပါတ်သက်သည့်ကား စသည်ဖြင့် အမျိုးမျိုး အကြောင်းပြ ခြိမ်းခြောက်ပြီး ကျော်ဖြတ်ကြသည်။ ကျွန်တော်တို့ တံတားမှာတာဝန်ကျနေတဲ့ သူတွေကို  ဒီလိုအထက်ကလာသည် ဆိုသည့် ၀ိုက်မျိုးစုံသုံးပြီး ကျော်ဖြတ်ကြပါသည် ။အမှန်တစ်ကယ် ပြဿနာဖြစ်လာပါက ကျွန်တော်တို့ကသာ တာဝန်ယူအပြစ်ပေးခံရတယ်”
ဟု  ပြောပြပါသည်။
ယခုအခါ နိုင်ငံတော်သမ္မတရုံးနှင့် လွတ်တော် သို့တိုင်အောင် စာများရေးတင်ထားပြီး ဖြစ်ပြီး ဥပဒေအတိုင်းသာဆောင်ရွက်ရန်လည်း ညွှန်ကြားချက်ရရှိပြီး ဖြစ်ကြောင်း ပြောပြပါသည်။ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များ၏ အမည်များ ရာထူးများကို အကြောင်းပြ၍သော်လည်းကောင်း ငွေပေး၍သော်လည်းကောင်း ဆောင်ရွက်ပေးမည်မဟုတ်ဟုလည်း ထိုအရာရှိက ပြောပြပါသည်။
(ဓာတ်ပုံ - ကားများနဲ့ တံတား ဖြတ်ညပ်ကပ်တပုံ)

Comments