Magwe Mya Tha Lun Pagoda crowded at Waso Full Moon Day
ဘကျော် (မကွေး)၊ မိုးမခရုပ်သံသတင်း၊ သြဂုတ် ၅၊ ၂၀၁၂
သြဂုတ်လ ၂ ရက်၊ ၀ါဆိုလပြည့် ဓမ္မစကြာနေ့က မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်တော်မှာ ဘုရားဖူးများနဲ့ အလွန်စည်ကားတာကို တွေ့ရပါတယ်။ မြို့နီးရွာတွေဖြစ်တဲ့ ညောင်ပင်ရွာ၊ ညောင်ပင်သာ၊ ကံပြား၊ ကန်သာကြီး၊ ကန်သာလေး၊ ဒဟတ်ကန်၊ ၀က်သိုက်၊ ကံလှ စတဲ့ မြိ့ရွာများကလည်း ကား၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်များနဲ့ လာရောက် ဘုရားဖူးကြပါတယ်။
ရင်ပြင်တော်တိုးချဲ့ထားတာနဲ့အမျှ လူအပြည့် စည်ကားလွန်းလို့ တိုးဝှေ့ ဘုရားဝတ်ပြုကြရပါတယ်။
ဘုရားကို အမှီသဟဲပြုရတဲ့ ဆိုင်ကယ် လက္ခံဌာန၊ ပန်းဆီမီး အရောင်းဆိုင်
မုန့်ပဲသရေစာ၊  ကလေးကစားစရာ ရောင်းတဲ့ ဈေးသယ်တွေ လက်မလည်နိုင်အောင် ရောင်းအား သွက်လှပါတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှု အန္တရာယ်တွေကို စိုးရိမ်ရတဲ့ အချိန်အခါမျိုးဖြစ်ပြီး၊ မြို့ပေါ်ကို သုံးဘီး ဆိုင်ကယ်တက္ကစီတွေ ဝင်မောင်းတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ မကွေးမြို့ခံတွေအတွက်ကတော့ ၀ါဆိုပန်းကပ်ပွဲတွေနဲ့ စည်ကားလျက်ရှိပါတယ်။
Comments