Massacare in ABSDF (NB) Press Conference held in Rangoon


ကျောင်းသားတပ်မတော် (မြောက်ပိုင်း) လုပ်ကြံမှု သတင်းစာရှင်းလင်းပွဲ ကျန်ရစ်သူများက ပြုလုပ်
ပြည်တော်ပြန် ကျောင်းသားတပ်မတော် (ဗဟို) ခေါင်းဆောင်ဟောင်း နိုင်အောင်က လေဆိပ်တွင် သူတို့အဖွဲ့တွေက သီးခြားစီဟု သဘောမျိုး ဖြေကြား
ရုပ်သံ၊ အာရ်အက်ဖ်အေရုပ်သံသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၁၊ ၂၀၁၂
(မိုးမခ၏ ဖြည့်စွက်ချက်)
မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မေးခွန်းများကို ရှင်းလင်းခဲ့သူ အေဘီဗဟိုက ခေါင်းဆောင်ဟောင်း ကိုနိုင်အောင်ကိုယ်တိုင်သည် ထိုအချိန်က မြောက်ပိုင်း ကျောင်းသားတပ်မတော်ခေါင်းဆောင် ကိုစိုးလင်းကို သူ၏ဌာနချုပ်တွင် ရောက်ရှိနေခိုက် ကိုယ်တိုင်အမိန့်ပေးဖမ်းဆီးပြီး မြန်မာစစ်တပ်၏ ထောက်လှမ်းရေးအဖြစ် နှိပ်စက် စစ်ဆေးရာတွင် တာဝန်ရှိသူကိုယ်တိုင်ဖြစ်သည်။ ထိုသို့ မတရား ဖမ်းဆီးနှိက်စက်ခြင်း ခံထားရသော ကိုစိုးလင်း၊ ကိုနေ၀င်းအောင်၊ ကိုထင်ကျော်၊ ကိုမြင့်ဦးတို့ အဖွဲ့သည် ကျောင်းသားတပ်မတော် ဗဟိုမှ ၁၉၉၅ နိဝင်ဘာ ခန့်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ထောက်လှမ်းရေးအဖြစ် ဖမ်းဆီးနှိပ်စက်ခံရသူ မမီမီခိုင်ကို ညွန့်ပေါင်းအစိုးရက အာမခံပြီး ကယ်တင်ခဲ့ရသည်။ နိုင်အောင်၏ အမိန့်ဖြင့် အဖမ်းခံရသူ ကိုအောင်သူ (တပ်ရင်း ၂၀၉) မှာ နှိပ်စက်မှုများကြောင့် လက်လွန်သေဆုံးခဲ့ရသည်။ ထို့အတူ သိန်းလှိုင်ခေါ် အရှည်ကြီးသည်လည်း (၀မ်ခစခန်း တပ်ရင်း ၂၁၁) သည်လည်း ထွက်ပြေးရန် ကြိုးစားသည်ဟု စွပ်စွဲပြီး သတ်ဖြတ်ခဲ့ကြသည်။

Comments