Maung Sein Win returns home from Korea

ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့  ထာဝရ ကဗျာ စာပေဟောပြောပွဲ အောင်မြင်စွာ ပြီးစီး
ဇော်မိုးအောင်၊ သြဂုတ် ၂၃၊ ၂၀၁၂
သြဂုတ်လ ၁၉ ရက် နေ့ လည် ၂ နာရီအချိန်က တောင်ကိုရီးယားနိုင်ငံ ပူချွန်း နိုင်ငံခြားအလုပ်သမားရိပ်သာ တတိယထပ်ရှိ မြန်မာအသင်း (ကိုရီးယား) ခန်းမဆောင်အတွင်း၌ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ထာဝရ ကဗျာ စာပေဟောပြောပွဲကို အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး သြဂတ် ၂၀ ရက်နေ့ ညနေပိုင်းက ကိုရီးယား ကဗျာဆရာများနဲ့ တွေ့ဆုံ၍ မြန်မာ့ စာပေအကြောင်းများကို ဆွေးနွေးခဲ့ပြီး ၂၁ ရက်နေ့ နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားပါတယ်။


Comments