More Flood in Hinthada's Delta


 ဟင်္သာတမြို့တွင် ရေနုတ်မြောင်းပိတ်ဆို့မှုများကြောင့် ရေကြီး
ဆွေးမင်းထက်၊ သြဂုတ် ၉ ၊ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၈-၈-၂၀၁၂ ညတွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဥယျာဉ်မြောက်ရပ်ကွက် မန်းဘခိုင်လမ်းရှိ ပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊ တို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ၊ ဈေးသူဈေးသားများ သွားရေးလာရေး ရောင်းရေးဝယ်ရေး အလွန်ဒုက္ခရောက်လျက် ရှိကြပါသည်။

 “နှစ်တိုင်းမြုပ်တယ်၊ တိုင်းကစီမံချက်တွေနဲ့ ရေနုတ်မြောင်းတွေကို ကို စနစ်တကျမလုပ်ဘူး။ လူကြီးမြင်မယ့်နေရာမှာပဲ လုပ်ပြီး၊ လိုအပ်တဲ့နေရာတွေကို ချန်လှပ်ထားခဲ့တယ်။ သည်တော့ မြောင်းက ကျယ်ပြီး ရေမစီးဘူး။ မိုးကြီးတာနဲ့ မြို့လမ်းမတွေ ရေမြုပ်တာပဲ။ မြို့မှာ လမ်းပြပုလိပ်ကအစ အာဏာကို အလွဲသုံးနေတော့ ရေမကြီးလည်း လမ်းပေါ်မှာ ကားရော လူရော မင်းမဲ့စရိုက်ဖြစ်နေတာပဲ”

ဟု ဒေသခံတဦးက ၎င်းအမြင်ကို ပြောသည်။




Comments