ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံကို ဧည့်ခန်းတွင် ထားရှိသော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၀၊ ၂၀၁၂

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ဧည့်ခန်းတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံ ၂ ပုံ ဘောင်သွင်းထားသည်ကို ၂၀၀၇ ခုနှစ် ရက်စွဲတပ်ထားသည့် ပုံတွင် တွေ့ရသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့သူတဦးဖြစ်သည်။
အသက် ၉၃ နှစ်ရှိပြီဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် မကြာသေးခင်ရက်များအတွင်း
ကျန်းမာရေးချို့ယွင်းသဖြင့် နေထိုင်ရာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့သေးသည်။
Comments