Google rejects White House request to pull Mohammad film clip

မိုဟာမက်ဗီဒီယိုကလစ်ကိုဖျက်ချပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google ပယ်ချ
Reuters
စက်တင်ဘာ ၁၅၊ ၂၀၁၂


အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube
ဗီဒီယိုကလစ် အင်တာနက်တွင် ဆက်လက်ထားရှိမည်ဟူသော ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google က သောကြာနေ့တွင် ပယ်ချလိုက်သည်။

အမေရိကန်သံရုံးများ ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရသည့် အီဂျစ်နိုင်ငံ၊ လစ်ဗျားနိုင်ငံတို့တွင် ထိုဗီဒီယိုကလစ် ကြည့်ရှုနိုင်ခြင်း မပြုနိုင်ရန် စီစဉ်လိုက်ပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ရှိ အင်တာနက်သုံးသူများအတွက် ထိုဗီဒီယိုကလစ်ကို ဆင်ဆာ ဖြတ်တောက်နေကြောင်း Google က ပြောကြားလိုက်သည်။

လစ်ဗျားတွင် အမေရိကန်သံရုံး အင်္ဂါနေ့က တိုက်ခိုက်ခံခဲ့ရပြီး သံအမတ်နှင့် အမေရိကန်အရာရှိ ၃ ဦး သေဆုံးသွားသည်။

Google က ဗီဒီယိုကလစ်များ အင်တာနက်တွင် ကန့်သတ်ပစ်ရန်မှာ နိုင်ငံရေးဖိအားကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေကြောင့်သာ ဖြစ်လိမ့်မည်ဟု ပြောသည်။

"အိန္ဒိယ နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဥပဒေနဲ့ မညီတဲ့အတွက် ဗီဒီယိုကလစ်တွေကို အကန့်အသတ် လုပ်လိုက်တယ်၊ ပြီးတော့ အီဂျစ် နဲ့ လစ်ဗျားတို့မှာတော့ အကဲဆတ်တဲ့အခြေအနေတွေကြောင့် ကန့်သတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု Google က ပြောသည်။

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube
အငြင်းပွားဖွယ် ဗီဒီယိုကလစ်က YouTube ၏ သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိမရှိ ပြန်လည် စစ်ဆေးပေးရန် အိမ်ဖြူတော်က Google ကို တောင်းဆိုခဲ့ပြီးဖြစ်သည်။

သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်ကြောင်း Google က ပြန်လည် တုံ့ပြန်ထားသည်။

အငြင်းပွားဖွယ် ထိုရုပ်ရှင်ကား ထုတ်လုပ်သူ အသက် ၅၅ နှစ် အရွယ် Nakoula Basseley Nakoula သည် ကယ်လီဖိုးနီးယား ပြည်နယ်မှ ဖြစ်သည်။

အဆိုပါပုဂ္ဂိုလ်သည် ၂၀၁၀ ပြည့်နှစ်က ဘဏ်လုပ်ငန်းဆိုင်ရာနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ကျခံခဲ့ဖူးပြီး ဇွန်လက ချွင်းချက်ဖြင့် ထောင်မှ ပြန်လွတ်လာသူဖြစ်သည်။

အမေရိကန်အာဏာပိုင်တို့က အဆိုပါပုဂ္ဂိုလ်သည် ထောင်မှလွတ်မြောက်ပြီး သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးမည်ဟု ပြောသည်။

- translated by Moemaka

Comments