ကိတ်မင်းသမီး၏ဓာတ်ပုံများ ဖော်ပြခဲ့သည့် ပြင်သစ်မဂ္ဂဇင်းကို တရားရုံး အရေးယူ
မိုးမခအထောက်တော် အမှတ် ၀၀၇
ထို့အပြင် ကိန်းဘရစ်မြို့စား ၀ီလျံ၊ မြို့စားကတော် ကိတ်တို့ ရေကူးကန်အနီး ရှိနေစဉ် ရိုက်ကူးခဲ့သည့်ပုံများကို Closer တွင် ထပ်မံ ဖော်ပြခြင်း ပုံနှိပ်ခြင်း မပြုရန်လည်း တားမြစ်လိုက်သည်။
ဓာတ်ပုံများ အပ်နှံရန်ဟူသော တရားရုံးအမိန့်ကို Closer မဂ္ဂဇင်းက လိုက်နာရန် ပျက်ကွက်လျှင် တရက် ယူရို တသောင်း (US$13,100) ဒဏ်တပ်ခံရမည်ဟု သိရသည်။
Closer မဂ္ဂဇင်း အွန်လိုင်းစာမျက်နှာရှိ ပုံတို့ကိုလည်း ဖြုတ်ပေးရမည်ဟု သိရသည်။
ခန္ဓာကိုယ်အပေါ်ပိုင်းဗလာ ဓာတ်ပုံများမှာ မင်းသားဝီလျံနှင့် ကြင်ယာတော်တို့၏ အပမ်းဖြေခရီးအတွင်း ပြင်သစ်နိုင်ငံရှိရဲတိုက်ကြီးတခုသို့ ရောက်ရှိစဉ် တစုံတဦးက ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံတွင် ပါဝင်သည့် နေရာသည် ၎င်းတို့နှစ်ဦး၏ သီးသန့် နယ်မြေ ဖြစ်ကြောင်း၊ အများသူငါ သွားလာသည့်လမ်းနှင့် မီတာ ရာနှင့်ချီ ကွာဝေးကြောင်း၊
လမ်းမပေါ်တွင် သွားလာနေသူများ မမြင်ရသည့်အနေအထားဖြစ်ကြောင်း၊ ထိုသို့ ရိုက်ကူးခြင်းမှာ ကိုယ်ရေးလွတ်လပ်ခွင့်ကို ကျူးကျော်ခြင်းဖြစ်ကြောင်း၊ ထိုဓာတ်ပုံများကို ရက်ရက်စက်စက် ဖော်ပြပုံနှိပ်ခဲ့ကြကြောင်း တရားရုံးက ဆိုသည်။
ပြင်သစ်ရှိ Closer မဂ္ဂဇင်းတွင် ပုံပေါင်း ၁၄ ပုံ ဖော်ပြခဲ့သည်။
အပျော်ဖတ်စာစောင် အများအပြားထုတ်ဝေသည့် ဥရောပတွင် အဆိုပါ ဓာတ်ပုံများကို ပြန်လည် ကူးယူဖော်ပြရန် အများစုက လက်ရှောင်ကြသည်။ သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက
အိုင်ယာလန်နိုင်ငံထုတ် Irish Daily Star နှင့် အီတလီနိုင်ငံထုတ် Chi မဂ္ဂဇင်းတွင် အဆိုပါဓာတ်ပုံများ ဖော်ပြခဲ့သည်။
Irish Daily Star တွင် ထိုသို့ ဖော်ပြမှုကြောင့် တာဝန်ရှိ အယ်ဒီတာတဦးဖြစ်သူ Michael O'Kane သည် ရာထူးမှ ဖယ်ရှားခံရသည်။
"ကျွန်တော်က စာဖတ်သူတွေ အတွက် ဖော်ပြပေးခဲ့တာပါ။ UK နိုင်ငံရဲ့ တုံ့ပြန်ချက်ကိုတော့ အံ့သြမိပါတယ်။ ကိတ်က အနာဂတ်မှာ သူတို့ရဲ့ မိဘုရားကြီး ဖြစ်လာမယ်ဆိုတော့ သူတို့အတွက် ဒါက အရေးတကြီးကိစ္စ ဖြစ်နေတာပါ။ သို့ပေမယ့်လည်း ကျွန်တော်တို့အိုင်ယာလန်ကတော့ Kate Middleton ဆိုတာ ထင်ရှားကျော်ကြားတဲ့သူတွေထဲက တစ်ယောက် လို့ပဲ မြင်ကြပါတယ်" ဟာ ရာထူးမှ ဖယ်ရှားခံရသူ အယ်ဒီတာက BBC သတင်းဌာနကို ပြောခဲ့သည်။
ံ
Comments