မောင်ယဉ်ကျော်- မန္တလေး (မြစ်မခ)
စက်တင်ဘာ ၁၂၊ ၂၀၁၂
လက်ပန်တောင်းတောင်ကြေးနီသထ္တုတွင်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကြောင့် ဒေသခံပြည်သူလူထုနှင့် ကျေးရွာများ ပျက်စီးဆုံး ရှုံးရခြင်းမှာ မြန်မာတစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် သဘာဝတောတောင် ရေမြေများပျက်စီးဆုံးရှုံးနေခြင်းကို အချိန်မှီကာကွယ် နိုင်ရန် မြန်မာပြည်သူအပေါင်းမှ လက်မှက်ရေးထိုးတောင်းဆိုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား မိသားစု များ အကျိုးဆောင်ကွန်ယက်က သိရသည်။
“ကျွန်တော်တို့ အမျိုးသားရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ်နဲ့ တစ်ပြည်လုံးအတိုင်းအတာ လက်မှတ်ထိုး လှုပ်ရှားဆောင်ရွက်မှုတွေကို စတင် ဆောင်ရွက်ပါပြီ။ နိုင်ငံတော်သမ္မတဆီကို ဒီလက်မှတ်တွေတင်ပြပြီး စီမံကိန်းရပ်ဆိုင်းဖို့တောင်းဆိုသွားမှာပါ” ဟု မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်း သားမိသားစုများ အကျိုးဆောင်ကွန်ယက် တာဝန်ခံကိုဟန်ဝင်းအောင်က ပြောသည်။
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းမှာ တိုင်းပြည်နှင့်လူမျိုးအတွက် မည်ကဲ့သို့အကျိုးပြုနိုင်သည် သဘာဝပတ်ဝန်းကျင်အား မည်သည့် အတိုင်းအတာအထိ ထိခိုက်နိုင်သည်ကို မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာဝမ်ဘိုကုမ္ပဏီက ရှင်းလင်း၊ တိကျသောဖြေရှင်းချက်များအား ပြည် သူအားလုံးသိရှိနိုင်ရန်အတွက် ပွင့်ပွင့်လင်းလင်းချပြရန် လိုအပ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ကြေးစင်တောင်နှင့်စံပါယ်တောင်ကြေးနီစီမံကိန်းဒေသတစ်ဝိုက်တွင် ရှိသော ကျေးရွာများရှိ တောင်သူများ အနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခက်ခဲများဖြင့် လက်တွေ့ရင်ဆိုင်နေရကြောင်း ဆားလင်းကြီးမြို့နယ် ဒေသခံများထံက သိရှိရ သည်။
“ကြေးစင်တောင်နဲ့ လက်ပန်တောင်းတောင်က စွန့်ပစ်မြေတွေကို ယာမြေတွေပေါ် လာစွန့်ပစ်တယ်လို့ သိရတယ်။ အခုဆိုရင် စံပယ် တောင်မှာ ရေမရတော့ဘူး၊ ကံကုန်းရွာက ရေတွေဆိုလည်း လုံးလုံးကို သောက်သုံးရန်မသင့်တော့ဘူး။ ဓါတ်ခွဲခန်းကိုပို့ပြီးတော့ စစ်ကြည့်ပြီး ပြီ၊ မြေအောက်မှာရှိတဲ့ရေတွေဆိုလည်း ပျက်စီးကုန်ပြီ၊ တောင်ယာမြေတွေဆိုရင်လည်း စိုက်ပျိုးလို့ကို မရတော့လောက်ဖြစ်နေပြီ”ဟု မြန်မာ အစိမ်းရောင်ကွန်ယက် (MYANMAR GREEN NETWORK)မှ ယာယီဥက္ကဋ္ဌဖြစ်သူ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
ရေရှည်တွင် အဆိုပါဒေသမှ ရွာခံများ၏ ကျောက်ကပ်ပျက်စီးနိုင်ကြောင်း၊ လက်ရှိတွင် လေထုထဲ၌ ဆာလဖာနံ့များ ရရှိနေကြောင်းနှင့် ၄င်း တို့အနေဖြင့်လည်း စီမံကိန်းများကြောင့် ညစ်ညမ်းသွားသည့်ပတ်ဝန်းကျင်အရေးအား သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ တင်ပြသွားရန် အစီအစဉ်ရှိကြောင်းကိုလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
‘နောက်တစ်ခု ကြီးကြီးမားမား စိုးရိမ်စရာကောင်းတာက စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေကနေ ယမားချောင်းထဲ ရောက်မယ်၊ အဲဒီကနေတစ်ဆင့် ချင်းတွင်းမြစ်၊ နောက် ဧရာဝတီမြစ်ထဲကိုရောက်မယ်။ ရေထဲမှာ ဓါတုဗေဒပစ္စည်းတွေပါ လာပြီ ဆိုကတည်းက အဲဒီရေက မသန့်နိုင်တော့ဘူး။ အဆိပ်ဖြစ်တဲ့ ငါးတွေစားမိရင်လဲ လူတွေမှာ အသက်အန္တရာယ် ရှိလာမှာဘဲ။ သဘာဝပတ်ဝန်းကျင်ကိစ္စနဲ့ပတ်သက်တဲ့ သတ္တုတွင်း ဥပဒေလဲ အခု လထဲမှ ထွက်လာပြီဖြစ်တဲ့အတွက် ဥပဒေအတိုင်း လိုက်နာကျင့်သုံး အကောင်အထည်ဖေါ်ဖို့လိုတယ်” ဟု မြန်မာတစ်ပြည်လုံးအ တိုင်း အတာဖြင့် သက်ဆိုင်ရာ ပညာရှင်များအပါအ၀င် NGO များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာအစိမ်းရောင်ကွန်ယက် (MYANMAR GREEN NETWORK) ယာယီဥက္ကဋ္ဌဖြစ်သူ ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။
ကြေးစင်တောင်နှင့်ကပ်လျှက်ရှိသည့် ကြေးနီထွက်ရှိသော စံပါယ်တောင်သည် ဧက (၄၀) ရှိသော်လည်း တူးဖော်သည့်အခါ ဧက (၇၀) ဖြစ် လာပြီး အနက် (၄၀၅) ပေ အထိဖြစ်လာကြောင်းကိုလည်း သိရှိရသည်။
ကြေးနီစတင်ထုတ်လုပ်စဉ်က ကြေးနီအရိုင်းတုန်းများ အမှုန့်ကြိတ်ချေသန့်စဉ်ခဲ့သော်လည်း စားရိတ်စကကြီးမားသောကြောင့် ၄င်းအရိုင်း တုံးများအား မိုးကာပေါ်ပုံပြီး စပန်လာစနစ်(ဆာလဖြူရစ်အက်စစ် ဖြန်းသည့် စနစ်) ဖြင့်ပြောင်းလဲ ထုတ်လုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
အက်စစ်ဖြန်းပုံရသည့် ဆလိုက်းမြေသည်ဧက (၇၀၀) ကျော်ရှိပြီး မိုးရာသီတွက် အက်စစ်များမပြန့်ရန် ဆည်ဘောင်များ ပြုလုပ်တားသော်လည်း စနစ်တကျမရှိခြင်းကြောင့် ပြိုကျကာ ကျေးရွာစိုက်ခင်းများနှင့် ရေမြောင်းထဲသို့ ပြန့်နှံခဲ့ကြောင်းကိုလည်း ဒေသခံတို့ထံမှ သိရှိရသည်။
၎င်းဘေးထွက်ဆိုးကျိုးအား စပါယ်တောင်အနီးရှိ ကံကုန်းကျေးရွာ၊ ဒုန်းတောကျေးရွာ၊ ဂုံတော်ကျေးရွာနှင့် ရွာသာကျေးရွာများမှလယ်မြေဧက (၃၀၀၀)ခန့်မှာ ကြေးနီစွန့်ပစ်မြေများပုံထားခြင်းကြောင့် မူလစံပါတောင်အမြင့်၏ ထက်ဝက်ကျော်သို့ရောက်နေသည်။
ယခုအချိန်တွင် စံပါယ်တောင်သည် ရေကန်ကြီးသဖွယ်ဖြစ်နေကြောင်း လက်ပံတောင်းတောင်ပြည်သူအကျိုး စီးပွားကာကွယ်ရေးကော်မတီ ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီရင်ခံစာ(၁)တွင် ဖော်ပြထားသည်။
‘ကျွန်တော်တို့ရွာမှာ သောက်ရေသောက်လို့ မရတော့ဘူး၊ ဟိုတုန်းက သောက်လို့ရတယ်၊ ကြေးစင်တောင်မှာ သထ္ထုတူးဖော်နေတဲ့ မြန်မာ ယန်စီကုမ္မဏီက ရေသန့်စက်လုပ်ပေးထားတယ် ရေသန့်စက်ကရေက သိပ် မကောင်း ဘူး’ဟု ဆားလင်းကြီးမြို့နယ်ကန်ကုန်းကျေးရွာမှ ကိုမိုးခိုင်က ပြောသည်။
ကြေးစင်တောင်ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေစာများပစ်ခံရသော တောင်သူမြေများပေါ်တွင် ကောက်ပဲသီးနှံများ လုပ်ကိုင်စားသောက်၍ မရ တော့ကြောင်း ဒေသခံများက ဆိုသည်။
‘သထ္ထုတူးဖော်ရေးကုမ္ပဏီကနေ စွန့်ပစ်မြေစာအပုံကြီးတွေ လယ်ကွင်းတွေ ခဲလာပုံတော့ ထွန်လို့လည်း မရတော့ဘူး စိုက်လို့လည်းမရဘူး ဒီတိုင်းပဲ ထားလိုက်ရတယ်။ သူတို့ပြောတော့(၃)နှစ် သီးနှံလျော်ကြေး ပြောပြီးအခုမှ မြေလျှော်ကြေးဆိုပြီး မလိမ့်တပတ်လုပ်သွားတယ်’ဟု ဆည် တည်းကျေးရွာမှ တောင်သူကိုဌေးဝင်းလေးက ၄င်းအဖြစ်ကို ပြောသည်။
copy by //www.myitmakhamediagroup.com/detail.php?newid=2436
Comments