News and Media

ဝန်ကြီးသစ်လက်ထက် လိုင်စင်မဲ့ကားများ စိစစ်လာနိုင်
ရွှေဆည်သား
စက်တင်ဘာ ၁၂၊ ၂၀၁၂




ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း နိုင်ငံတော်သမ္မတရုံးသို့ပြောင်းသွားပြီး ၀န်ကြီးသစ်အဖြစ် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင် စတင်တာဝန်ထမ်းဆောင်ပြီဖြစ် သည်။ နေပြည်တော်နှင့်နီး စပ်သည့် သတင်းရပ်ကွက်အဆိုအရ ဗိုလ်ချုပ်ဇေယျာ အောင်သည် လိုင်စင်မဲ့ကားကိစ္စကို စတင်ကိုင်တွယ် မည်ဟုပြောကြသည်။ ယခင် ငြိမ်ချမ်းရေးအဖွဲ့ဝင် ဦးအောင်မင်းမှာ သဘောထားပျော့ သူဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများ အဆင်ပြေစေရန်ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေ သများနှင့် နိုင်ငံအ၀ှမ်းတွင် လိုင်စင်မဲ့ကားများအား မျက် ကွယ်ပြုထားခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ကရင်-မွန် ပြည်နယ်များ တွင် မြ၀တီမှဝင်ရောက်သော လိုင်စင်မဲ့ကားများကို ငြိမ်းချမ်းရေးအဖွဲ့ အစည်းများ ၏ ထောက်ခံချက်များဖြင့် စီးနှင်းသည်ကို ခွင့်ပြုထားခဲ့သည်။ ယခုအခါ ငြိမ်းချမ်းရေးထောက်ခံချက်ပင်မပါရှိဘဲ နံပါတ်ပြားလည်း မတတ်ဘဲ စီးနေသည့်ကားများလည်း ရှိကြောင်းသိရသည်။ နေပြည်တော်အသိုင်း အ၀ိုင်းမှပြောကြားချက်အရ ဗိုလ်ချုပ်ဇေယျာအောင် လက်ထက်တွင် အဆိုပါကိစ္စကို ဥပဒေအတိုင်းကိုင်တွယ် လိုက်မည်ဖြစ်ကြောင်း ပြောကြားကြသည်။ ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ ငြိမ်းအဖွဲ့များအတွက် ကားလိုင်စင်ကိစ္စကိုမူ အလင်းဝင်အဖွဲ့များ ဦးစားပေးဆောင်ရွက်မည့် လုပ် ငန်းစဉ်ရှိထားပြီး ဗိုလ်ချုပ်ဇေယျာအောင်လက်ထက်တွင်လည်း ဆက်လက်ဆောင်ရွက်သွားလိမ့်မည်ဟု ထင်ကြေးပေးပြော ဆိုနေကြသည်။

ဗိုလ်ချုပ်ဇေယျာအောင်သည် တိုင်းမှူးဘ၀တွင် ကချင်နှင့်ငြိမ်ချမ်းရေးပြီးပြတ်အောင် မဆောင်ရွက်နိုင်ခဲ့သည် ကိုထောက်ရှခြင်းဖြင့် သူ၏သ ဘောထားကိုသိရှိနိုင်ပြီး သူ့လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လိုင်စင်မဲ့ကားများကို အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုသည်မှာလည်း ဖြစ်နိုင်ခြေရှိကြောင်း သုံးသပ်ကြသည်။ လိုင်စင်ချပေးခြင်းလုပ်ငန်းများကိုလည်း မကြာမီဆောင်ရွက် လိမ့်မည်ဟု သိရ သည်။

Comments