News and Media

ရွှေတွံတေးဆရာတော် ထိုင်းနိုင်ငံမဟာချိုင်မှ စစ်တွေမြို့ ဦးဥတ္တမနေ့ပွဲသို့တက်ရောက်
မိုးမခအထောက်တော်
စက်တင်ဘာ ၁၂၊ ၂၁၀၂




၉. ၉. ၂၀၁၂ နေ့တွင်ကျင်းပသော ရခိုင်အာဇာနည် ဆရာတော်ဦးဥတ္တမနေ့ကို စစ်တွေမြို့တွင်လည်းကျင်းပရာ ထိုင်းနိုင်ငံ မဟာချိုင်မှ ရွှေတွံ တေးဆရာတော်တက်ရောက်ခဲ့သည်။

စစ်တွေမြို့ပန်းခြံတွင် ဆရာတော်ဦးဥတ္တမအား လာရောက်ဂါရ၀ပြုကြသော ရခိုင်တိုင်းရင်းသားပရိသတ်ကို ရွှေတွံတေးဆရာတော်က အမှာ စကားပြောကြားခဲ့သည်။

အမျိုးသားရေးအစ ဦးဥတ္တမက ... ၀ံသာနုအစ ဦးဥတ္တမက .... ဆိုရင်ဘယ်သူငြင်းမလဲ။ ရခိုင်အာဇာနည် ဦးဥတ္တမက စံပြအဖြစ်လုပ်ပြခဲ့ပြီ။ ရဟန်းသံဃတွေဟာ ပြည်သူတွေနဲ့ တသားတည်းအမြဲရှိနေတယ်။ ပြည်သူလူထုတွေဒုက္ခ ရောက်ရင် ကိုလိုနီကျွန်ဖြစ်တုန်းကလည်း ဆရာတော်ဦးဥတ္တမအဦးအစ စံပြလုပ်ခဲ့တယ်။ ဒီလိုပါဘဲ ဘယ်တော့ဖြစ်ဖြစ် ဘုန်းကြီးတို့ရဟန်း သံဃာတွေဟာ ပြည်သူတွေဒုက္ခရောက်တိုင်း အမြဲရှေ့တန်းမှာရှိနေမယ်လို့ ကတိပြု အသိပေးချင်ပါတယ်။ အချင်းချင်းညီညွတ်ကြပါ။ ကူညီစောင့်ရှောက်ကြပါ။ အသားထဲက လောက် မထွက်ကြပါနဲ့။ သစ္စာမဖောက်ကြပါနဲ့။ ကဲ ... ပရိသတ်တွေအားလုံး ဆန္ဒပြုကြပါစို့ဟုမိန့်ကြားရင်း ငြိမ်းချမ်းပါစေ ရခိုင်မြေ .... လို့ (၃) ကြိမ်ကြွေးကြော်လိုက်ကြပါသည်။

Comments