Daw Suu meets with Obama


ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်၊ အိုဘားမားနှင့်တွေ့ဆုံ
မိုးမခအထောက်တော် အမှတ် ၀၀၄
စက်တင်ဘာ ၂၀၊ ၂၀၁၂

ဓာတ်ပုံ - Brendan Hoffman/The New York Times


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ပြီး သမ္မတ အိုဘားမားနှင့် ခေတ္တတွေ့ဆုံသည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်နှစ်ဦး ဆွေးနွေး ပြောဆိုကြသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြခြင်း မရှိသေးပေ။

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney ၏ ထုတ်ပြန်ချက်ကိုသာ သတင်းများတွင် ဖော်ပြထားကြသည်။

"ဒီလို လာရောက်မှုဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ တရားမျှမှုရှိတဲ့ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးအတွက် သူနဲ့တခြားပုဂ္ဂိုလ်များရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ကျွန်တော်တို့ ကာလကြာရှည်
ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုလိုက်နိုင်တာဖြစ်ပါတယ်" ဟု အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မှထွက်ခွာလာသော ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် မြို့အများအပြားတွင် ၁၇ ရက်ကြာ နေထိုင်ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ရန်ကုန်သို့ ပြန်မည်ဖြစ်သည်။



ဓာတ်ပုံ - AP

ဓာတ်ပုံ - AFP

Comments