Photo News

 ရွှေတွံတေးဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးပွဲတက်ရောက် 
မိုးမခအထောက်တော် 
စက်တင်ဘာ ၂၆၊ ၂၀၁၂

ရွှေတွံတေးဆရာတော်သည် စက်တင်ဘာ ၂၁၊ ၂၀၁၂ နေ့တွင်ကျင်းပသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဗိုလ်တထောင်စေတီ - ငြိမ်းချမ်းရေးဆုတောင်းပွဲသို့ တက်ရောက်ခဲ့သည်။


 



 


မေတ္တာပို့ဆုတောင်းကြပြီး ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန် တောင်းဆိုကြသည်။ ထို့နောက် အလုံမြို့နယ် နွယ်နီလမ်းမှ ငြိမ်းချမ်းရေးပွဲသို့တတ်ရောက်ပြီး ဆရာတော်ဟောပြောရာ ငြိမ်းချမ်းရေးကို မှန်မှန်ကန်ကန်လက်တွေ့လုပ်ကြဖို့ ပါးစပ်ငြိမ်းချမ်းရေး စာရွက်ပေါ် က ငြိမ်းချမ်းရေးမျိုးမဖြစ်စေဖို့ တိုက်တွန်းပြီး တနိုင်ငံလုံး စစ်ပွဲရပ် ကြွေးကြော်ခဲ့ကြသည်။

ငြိမ်းချမ်းရေးချီတက် လမ်းလျှောက်ပွဲကိုအားပေးခဲ့ပြီး ကျောင်းသားအဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများမှတချို့နှင့် နွေးထွေးလှိုက်လှဲစွာ တွေ့ဆုံခဲ့ကြသည်။

Comments