Shar Ke Inn Fishermen Dispute ended in Murder (MoeMaKa TV)




ရှားခဲအင်းအငြင်းပွားမှုမှ လူသတ်မှုအထိ ဖြစ်ပွား၊ တရားခံများ ဆက်လက်သောင်းကျန်းနေဆဲ
မိုးမခရုပ်သံ၊ (ဟင်္သာတမြို့နယ်)၊ အောက်တိုဘာ ၁၊ ၂၀၁၂
            လက်ခံရရှိသော သတင်းများအရ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ရှားခဲကြီး ရှားခဲလေး အင်းကိစ္စ အငြင်းပွားမှုများတွင် ဦးဖိုးဝ (ခ) ဦးကျော်သိန်းနှင့် အပေါင်းအပါများက ဦးတလုပ် (ခ) ဦးဝင်းနိုင် အား သတ်ဖြတ်ခဲ့သည်အထိ ဖြစ်ပွားကြောင်း၊ ဖြစ်ပွားရာတွင် လူသတ်မှုကျူးလွန်သူများက ဆက်လက်ပြီး ရန်စ ခြိမ်းခြောက်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။
 (အပြာရောင် တီရှပ်မှာ အင်းလုပ်သားများအဖွဲ့ရဲ့ ၀တ်စုံဖြစ်ပါတယ်)

( အင်းလုပ်ငန်းရှင်များ၊ အာဏာပိုင်များနဲ့ အင်းလုပ်သားများ အငြင်းပွားမှုမှာ အသတ်ခံရသူရဲ့ အသုဘမြင်ကွင်းနဲ့ ပစ်ခတ်စဉ်က သုံးတဲ့ ကျည်ဆံခွံတွေ ဖြစ်ပါတယ်)


 (အင်းလုပ်သားများရဲ့ မိသားစုတွေက သမ္မတကြီးထံ ပေးပို့တဲ့ တိုင်ကြားစာ ဖြစ်ပါတယ်) နယ်မြေခံ ရဲအဖွဲ့များက တရားဥပဒေစိုးမိုးရေးအတွက် မည်သို့မျှ ၀င်ရောက်ဆောင်ရွက်ခြင်း အားနည်းသည်ဟု မြို့နယ်ဒေသခံ အင်းလုပ်သားများက ပြောကြားသည်။ 
အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး တင်ပြချက်များကို တင်ဆက်လိုက်ပါသည်။

Comments