Suu accepts honors at Rotunda



ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော် Rotunda ခန်းမဆောင်မှာ ဂုဏ်ပြုမှုလက်ခံ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၁၉ ၊ ၂၀၁၂
            ယနေ့ နေ့ခင်း ၃ နာရီက အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီ မြို့တော်၊ လွှတ်တော်အဆောက်အဦ၊ Rotunda ခန်းမဆောင်မှာ လွှတ်တော်ရဲ့ အရပ်သားများအပေါ် အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ လွှတ်တော်ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့ပါတယ်။ မြန်မာ့အရေးကို တောက်လျောက် ရွက်ဆောင်ခဲ့ကြတဲ့ အမေရိကန်ပြည်က ၂ ဖက်လွှတ်တော် ခေါင်းဆောင်များ၊ အစိုးရခေါင်းဆောင်များနဲ့အတူ ယခင်သမ္မတကတော် လော်ရာဘွတ်ခ်ျလည်း တက်ရောက် ဂုဏ်ပြုပါတယ်။








 မြန်မာ့အရေးလုပ်ဆောင်နေသူ မြန်မာအများအပြားလည်း တက်ရောက်တာ တွေ့ရပါတယ်။ မြန်မာပြည်က ရောက်ရှိနေသူ ပုဂ္ဂိုလ်များအနက် မြန်မာအစိုးရအဖွဲ့ဝင်များအပြင် သံဃာတော်များလည်း တက်ရောက်ကြတာကို တွေ့ရပါတယ်။







            ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဆက်လက်တိုးတက်မှုများ ရှိဖို့အတွက် လွတ်လပ်ရေး နဲ့အတူ အာမခံချက်ရှိရေးဟာလည်း အရေးကြီးတယ်လို့ ပြောသွားပါတယ်။







Comments