Suu met with Burmese Community in DC at AU



ဒေါ်အောင်ဆန်းစုကြည် American University မှာ မြန်မာမိသားစုများနဲ့ တွေ့ဆုံ စကားပြော
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၂၀၊ ၂၀၁၂
            ယနေ့ နံနက် ၉  နာရီ က ၁၀ နာရီ ခွဲမှာ ၀ါရှင်တန်ဒီစီ၊ အမေရိကန်ယူနီဗာစီတီမှာ ကျင်းပတဲ့ မြန်မာမိသားစုများနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို ဧည့်ပရိသတ် ၁၀၀၀ ကျော် တက်ရောက်
ကြတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာမိသားစုတွေ ပြည်တွင်း ပြည်ပမှာ ညီညွတ်ကြဖို့ကို ပြောကြားသွားပါတယ်။ မြန်မာပြည်အရေး လုပ်ဆောင်ကြရာမှာ သံသယတွေနဲ့ မလုပ်ကြဘဲ၊ ယုံကြည်မှုနဲ့ လုပ်ကြဖို့၊ ပြီးတော့ သတိရှိကြဖို့ကိုလည်း ပြောသွားပါတယ်။






            ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧည့်ပရိသတ်ကြားမှာ ရုံတွင်း အားကစားကွင်းကျယ်တခု ခြားထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာတို့ အနီးကပ် ကြည့်ရှု့ခွင့် မရခဲ့ကြပါဘူး။ ၀ါရှင်တန်ဒီစီ ပတ်ဝန်းကျင်က မြန်မာပရိသတ်တွေက ဘတ်စကား၊ တက္ကစီကား၊ ကျောင်းတွင်းဘတ်စကား၊ မြေအောက်ရထားတွေနဲ့ လာရောက်ခဲ့ကြတာကို တွေ့ရပါတယ်။











Comments