SUU-NYC announced FAQ to Public


နယူးယောက်မြို့တော် မြန်မာကွန်မြူနီတီနှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်မည့်သူများ သိရှိထားသင့်သည့်အချက်များ  ထုတ်ပြန်
စက်တင်ဘာ ၁၁၊ ၂၀၁၂

(၁) တွေ့ဆုံဆွေးနွေးပွဲကို အောင်ပါအစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပါသည်။
နေ့ရက် ။ ။ စက်တင်ဘာလ ၂၂ ရက်၊ စနေနေ့ ၂၀၁၂ ခုနှစ်
အချိန် ။ ။ နံနက် ၁၀ နာရီ ၃၀ မိနစ် မှ ၁၂ နာရီ အထိ
နေရာ ။ ။ Colden Center for the Performing Arts, Queens College
65-30 Kissena Blvd, NY 11367


(၂) ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက် မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်အတွက် လက်မှတ်များ ကြိုတင်ရယူရန် မလိုအပ်ပါ။

(၃) ဦးရာလူစံနစ်ဖြင့် တန်းစီဝင်ရောက်ရမည်ဖြစ်ပါသည်။

(၄) အခြားသူများအတွက်ပါ ရည်ရွယ်၍တန်းစီခြင်း၊ ခုံနေရာဦးခြင်းများသည်းခံပါ။ (ကားရပ်နားရန်
နေရာရှာဖွေနေသူများအတွက် လုံခြုံရေးတာဝန်ခံများကို ကြိုတင်အသိပေးထားနိုင်ပါသည်။)

(၅) ဘာသာပေါင်းစုံမှ ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ အသက် ၇၀ နှစ်နှင့်အထက် လူကြီးသူမများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ၁ နှစ် အောက်ကလေးနှင့် မိခင်များ နှင့် မသန်စွမ်းသူများအတွက် သီးခြားစီစဉ်ပေးပါမည်။

(၆) ခန်းမအတွင်းသို့ နံနက် ၉ နာရီတိတိတွင် စတင်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

(၇) တွေ့ဆုံဆွေးနွေးပွဲကို နံနက် ၁၀ နာရီ ၃၀ မိနစ်တိတိတွင် စတင်ကျင်းပမည်ဖြစ်ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ခန်းမအတွင်း အားလုံးနေရာယူပြီး ဖြစ်ရပါမည်။ ခန်းမအတွင်းဝင်ရောက်ခွင့်ပြုနိုင်သည့် သတ်မှတ်ဦးရေမှာ ၃၁၀၀ ဖြစ်ပါသည်။ သတ်မှတ်ဦးရေပြည့်သွား လျှင်သော်လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ် ကျော်လွန်သွားလျှင်သော်လည်းကောင်း ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ပါ။ 

(၈) ဖြစ်နိုင်ပါက မိမိတို့၏ရိုးရာဝတ်စုံများ ဝတ်ဆင်လာကြပါရန် မေတ္တာရပ်ခံပါသည်။

(၉) လုံခြုံရေးကိစ္စများကို U.S. Department of State ကအဓိကတာဝန်ယူသွားမည်ဖြစ်ပါသည်။

(၁၀) အကြောင်းတစုံတရာကြောင့် ခန်းမတွင်းမှ အပြင်ထွက်လိုလျှင် လုံခြုံရေးကို အသိပေးပြီးမှ ထွက်ခွင့်ပေးပါမည်။ နံနက် ၁၀ နာရီ ၁၅ မိနစ်ကျော်လွန်ပါက ခန်းမအတွင်းသို့ ပြန်ဝင်ခွင့်မရနိုင်တော့ပါ။ နံနက် ၁၀ နာရီ ၁၅ မိနစ် မတိုင်မီ ပရိသတ်များဝင်ရောက်ခွင့်ပြုနေစဉ် ဖြစ်ပါက ပြန်လည်တန်းစီပြီး ဝင်ရောက်နိုင်ပါသည်။ 

(၁၁) အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့က ထုတ်ဝေသော စာရွက်စာတမ်းများကလွဲ၍ အခြား ပိုစတာဆိုင်းဘုတ်များ၊ လက်ကမ်းစာစောင်များ ကိုင်ဆောင်ဖြန့်ဝေခြင်း ခွင့်မပြုပါ။ 

(၁၂) ခန်းမအတွင်း အစားအသောက်များ ယူဆောင်ခွင့် မရပါ။ မူးယစ်သောက်စားထားသူများကို ခန်းမအတွင်းဝင်ရောက်ခွင့်မပြုပါ။ အခမ်းအနားအစီအစဉ်များကို အနှောက်အယှက်ဖြစ်စေမည့် အပြုအမူများ၊ အော်ဟစ်ပြောဆိုခြင်းများခွင့်မပြုပါ။

(၁၃) ကျောပိုးအိတ်၊ လက်ဆွဲအိတ်၊ ခရီးဆောင်အိတ်စသော အိတ်များအပါဝင် အရွယ်အစားကြီးမားသောအိတ်များ၊ အသက်မွေးဝမ်းကြောင်းသုံး ကင်မရာများကို U.S. Department of State ၏လုံခြုံရေးဆိုင်ရာစည်းမျဉ်းများအရ ယူဆောင်ခွင့်မပြုပါ။

(၁၄) လုံခြုံရေးဆိုင်ရာစည်းမျဉ်း ချိုးဖောက်သူများကို သက်ဆိုင်ရာမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်သွားမည်ဖြစ်သည်။

(၁၅) ကားအရေအတွက် ၂၅၀ ခန့် အခမဲ့ရပ်နားနိုင်ရန်နေရာများကို Reeves Avenue နှင့် 61st Road တွင်ရှိသော Parking Lots တွင် စီစဉ်ထားပါသည်။ ဦးရာစံနစ်ဖြင့်ကားရပ်နားနိုင်ပါသည်။ လမ်းဘေးကားရပ်နားရန်နေရာများကို ကျောင်းပတ်ဝန်းကျင်တွင်လည်း ရရှိနိုင်ပါသည်။ ကားရပ်နားရန်နေရာ ရှိနိုင်၊ မရှိနိုင်ကို ပင်မဝင်ပေါက်ရှိကျောင်းလုံခြုံရေး တာဝန်ခံထံတွင်စုံစမ်းနိုင်ပါသည်။ (ထပ်မံရှာဖွေတွေ့ရှိသည့် ကားရပ်နားရန် သင့်တော်သည့်နေရာများကို ဤနေရာတွင် www.suu-nyc.blogspot.com ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

(၁၆) ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာမိသားစုများနှင့်တွေ့ဆုံရာတွင် မြန်မာစကားဖြင့်သာပြောဆိုမည်ဖြစ်ပါသဖြင့် ဤပွဲသို့တက်ရောက်လိုသော နိုင်ငံခြားသားမိတ်ဆွေများရှိပါက ကြိုတင်အသိပေးထားစေလိုပါသည်။

(၁၇) ဒေါ်အောင်ဆန်းစုကြည်အားမေးခွန်းများ မေးမြန်းနိုင်လိုပါက တန်းစီနေစဉ် ကြိုတင်ဝေငှပေးထားမည့် စာရွက်များတွင် မြန်မာဘာသာဖြင့် ရေးသားမေးမြန်းနိုင်ကြပါသည်။ မေးခွန်းစာရွက်များကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲနှိုက်သည့်ပုံစံဖြင့်ရွေးချယ်၍ ဖြေဆိုသွားမည်ဖြစ်ပါသည်။ ခန်းမအတွင်းတွင် တယောက်ခြင်းမှ မေးခွန်းများမေးခွင့်ရမည်မဟုတ်ပါ။

(၁၈) ဓာတ်ပုံ နှင့် ဗီဒီယို ရိုက်ကူးခြင်းများကို ပရိသတ်များအနှောက်အယှက်မဖြစ်စေရန်ဂရုပြု၍ မိမိထိုင်ခုံများမှ နေ၍ရိုက်ကူးနိုင်ကြ ပါသည်။

(၁၉) တန်းစီနေစဉ်အတွင်း လိုအပ်နိုင်သည့် သောက်ရေသန့်များကို မိမိအစီအစဉ်ဖြင့် ယူဆောင်လာကြပါရန် မေတ္တာရပ်ခံပါသည်။

(၂၀) ကလေးငယ်များနှင့် မိသားစုများအတွက် သန့်စင်ခန်းများသို့သွားလာရေးအဆင်ပြေစေရန်အတွက် ထွက်ပေါက်နှင့်နီးသည့် နေရာများတွင်စီစဉ်ထားပေးပါမည်။

(၂၁) ခန်းမအတွင်းတွင် အပေါ့အပါးသွားရန်အတွက် သန့်စင်ခန်းများရှိပါသည်။
Here is the link 
http://www.facebook.com/events/373871629346283/.
http://suu-nyc.blogspot.com/

Comments