SUU visiting Kentucky on September 23rd (Louisville)


ဒေါ်အောင်ဆန်းစုကြည် Kentucky, Louisville  မြို့သို့ လာရောက်မည်၊ မြန်မာတို့ ကြိုဆိုရေး ပြင်ဆင်ပြီ
မိုးမခအထောက်တော် ၀၀၂၊ စက်တင်ဘာ ၇၊ ၂၀၁၂
 ဒေါ်အောင်ဆန်းစုကြည်အား ကင်တက်ကီ ဗုဒ္ဓေါဝါဒဆရာတော်နှင့် မြန်မာတိုင်းရင်းသား ညီကိုမောင်နှမများ စုပေါင်းကြိုဆိုရေး အစိအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ကင်တက်ကီ၊ ထင်နက်စီ၊ အိုဟိုင်းရို  ပြည်နယ်()ခုက မြန်မာတိုင်းရင်းသားအားလုံးက လုဝိစ်ဘေးလေဆိပ် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုပါမယ်၊
            စက်တင်ဘာလ(၂၃) ရက်နေ. ကင်တက်ကီ လုဝိစ်ဘေမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ညအိမ်ဖြစ်ပါတယ်၊ (၂၄ ) ရက်နေ့ နံနက် ()မှ (၁၀) အထိ အမေရိကန် ကင်တက်ကီလွတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်စင်တာ၊ လုဝိစ္စဘေး တက္ကသိုလ်မှာ ဟောပြောမှာဖြစ်ပါတယ်၊
စက်တင်ဘာလ( ၂၃ ) ရက် ညပိုင်း သို့မဟုတ် (၂၄ ) ရက် နေ့လယ်ပိုင်း အဆင်ပြေသည့် အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာတိုင်းရင်းသားအားလုံးနှင် သီးသန့် တွေ့ဆုံနိုင်ရန်လည်း  ဆရာတော်နှင့် လုဝိစ္စဘေးမြို့က ဒကာ ဒကာမများက စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်၊၊
လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်အစိုးရ လုံခြုံရေးအပြည့်နှင့် ခရီးစဉ်အားလုံးကို သမ္မတအိုဘားမားအစိုးရက စီစဉ်ဆောင်ရွက်တာ ဖြစ်တာကြောင့်  ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲကို တက်ရောက်မည့် မြန်မာတိုင်းရင်းသားအားလုံး  မိမိတို့ ID အရှိ နာမည်များကို  ဗုဒ္ဓေါဝါဒကျောင်း ဆရာတော်ထံဖြစ်ေ ကိုတေဇာ အားဖြစ်စေ စာရင်းပေးနိုင်ပါတယ်၊                   လုံခြုံရေးအရ မိမိတို့ နာမည်ကို စာရင်း ပေးသွင်းထားခြင်း မရှိလျင် သက်ဆိုင်ရာ လုံခြုံရေး များက အခမ်းအနားသို. ၀င်ခွင့်ပြုမည် မဟုတ်ပါ၊ သို့တွက်ကြောင့် စာရင်းပေးသွင်းလာသူများအား ၀င်ခွင့် လက်မှတ်များကို ထုတ်ပေးပါမည်၊၊
          ဆက်သွယ်ရန် - ဗုဒ္ဓေါဝါဒကျောင်းဆရာတော် အရှင်စန္ဒောဘာသ   270 904 1142 ။  ကိုတေဇာ 502 807 8458

Comments