U.S. ambassador to Libya Christopher Stevens killed in consulate attack



လစ်ဗျားသံရုံး ပစ်ခတ်ခံရမှုတွင် အမေရိကန်သံအမတ် Christopher Stevens သေဆုံး
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၁၂၊ ၂၀၁၂


လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုကြောင့် သံအမတ် Christopher Stevens နှင့် အမေရိကန်ုနိုင်ငံသား သံရုံးအရာရှိ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

စစ်သွေးကြွများက သံရုံးကို ၀ိုင်းဝန်းဆန္ဒပြပြီး အကြမ်းဖက်တိုက်ခိုက်ရာ လောင်ချာဖြင့်လည်း တိုက်ခိုက်သည်ဟု သတင်းများတွင် တွေ့ရသည်။

ဘန်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ရုံးကို သေနတ်သမားတို့က ယမန်နေ့ညနေပိုင်းက တိုက်ခိုက်၊ မီးရှို့ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်စဉ် သံအမတ်ကို ဘေးကင်းလုံခြုံရာသို့ ခေါ်ဆောင်နေချိန်ဖြစ်ကြောင်း လစ်ဗျားအရာရှိတို့က ဆိုသည်။

အီရတ်ကဲ့သို့သော အကြမ်းဖက်မှုများဖြစ်ပွားနေသည့် နိုင်ငံမျိုးတွင် အမေရိကန်သံတမန်တို့၏ သွားလာလှုပ်ရှားမှုများအတွက် လုံခြုံရေး အထူး စောင့်ရှောက်ပေးထားသည့် ကြားမှ ဤဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။


သံရုံးကို ၀ိုင်းဝန်းဆန္ဒပြမှု ပေါ်ပေါက်ခဲ့ရခြင်းမှာ တမန်တော်မိုဟာမက်ကို စော်ကားရိုက်ကူးထားသည်ဟူသော အမေရိကန်ရုပ်ရှင်ဇာတ်ကားတခုကြောင့် ဖြစ်သည်ဟု ဆိုသည်။



သံအမတ် Christopher Stevens သည် တာဝန်ချိန်အတွင်း သတ်ဖြတ်ခံရသည့် ၆ ဦးမြောက် အမေရိကန်သံအမတ်ဖြစ်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။

Comments