Arakan News look confusing on Regime's Statement


ကြံ့ဖွံ့အစိုးရ သမ္မတရုံးက အကြမ်းဖက်သည့် ဘက်၂ဘက်ရှိကြောင်း ထုတ်ပြန်၊
ဘင်ဂါလီတို့ဘက်က မီးစတင်ရှို့ခဲ့သည်ဟု ၀န်ခံကြောင်း Coral သတင်းက ရေးခဲ့
မိုးမခသတင်းကောက်နုတ်ချက်၊ နိုဝင်ဘာ ၁၊ ၂၀၁၂
          အောက်တိုဘာ ၃၁ နေ့စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံတော်၊ သမ္မတရုံး ထုတ်ပြန်ချက် ၂/၂၀၁၂ တွင် ရခိုင်ဒေသအကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ၎င်းတို့သဘောထားကို ထုတ်ပြန်ရာတွင် အောက်ပါအတိုင်း "တဖက်အဖွဲ့အစည်း၏ ပြင်ဆင်မှုများ၊ လှုပ်ရှားမှုများ" အပြင် "နိုင်ငံရေးအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများ" ပါဝင်ပတ်သက်နေသည်ဟု ရေးသားထားသည်ကို အောက်ပါအတိုင်း တွေ့ရသည်။ တိကျ ရှင်းလင်းသော သတင်းထုတ်ပြန်ချက်တခု မဟုတ်သည်ကို တွေ့ရသည်။
" …ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိရပါသည်။ …"
တဆက်တည်း အခြားသတင်းကောက်နုတ်ချက်တခုကို ဖော်ပြရာသော Coral Arrakan News Agency က "မြေပုံဘင်္ဂလီများက မီးရှို့တိုက်ခိုက်မှုကို စတင်ခဲ့သည်ဟုဝန်ခံ" ကြောင်း ဒေသတွင်းဆိုင်ရာ အကြမ်းဖက်မှုများ အစကို ဖော်ထုတ်ထားသည်ကို တွေ့ရသည်။ အောက်ပါအတိုင်း ရေးသားထားသည်။
၃၀၊ အောက်တိုဘာ၊ ၂၀၁၂၊ Coral Arakan News (သတင်း)
သောင်းကြွယ်ရေးသည်
မြေပုံမြို့ဘင်္ဂလီခေါင်းဆောင်တို့က ယနေ့နံနက်၈နာရီခွဲခန့်က မြို့မိမြို့ဘများ၊ ဒေသဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံစဉ် မီးရှို့တိုက်ခိုက်မှုကို မိမိတို့စတင်ခဲ့သည်ဟု ၀န်ခံပြောကြားလိုက်သည်။
မြို့မိမြို့ဘများ၊ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဘင်္ဂလီလူမျိုးခေါင်းဆောင်များဖြစ်ကြသော (၁)စံ သိန်း (၂)ကျော်သိန်း (၃)တင်ရွှေ (၄)အောင်လွင် (၅)ဘကျော်တို့နှင့် တွေ့ဆုံစဉ် ထိုသို့ဝန်ခံပြောကြားလိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ဝန်ခံ ပြောကြားခြင်းကို ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးတဦးဖြစ်သူ ဦးကျော်သိန်း၊ မြေပုံမြို့ရှိ ရခိုင်ခေါင်းဆောင်များ နှင့် တွေ့ဆုံစဉ်ကလည်း ၀န်ခံခဲဖူးသည်ဟု ယင်းတွေ့ဆုံပွဲကို တက်ရောက်ခဲသူတဦးက
Coral Arakan အားပြောကြားခဲ့သည်။ ဘင်္ဂလီခေါင်းဆောင်တွေက “ကျွန်တော်တို့တားခဲပါသေးတယ်” ဟုပြောကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောသည်။
(၂၅အောက်တိုဘာ) နေ့တွင် ဘင်္ဂလီများက ကံသာရပ်ရှိ ရခိုင်လူမျိုး တဦးဖြစ်သူ ဦးသိန်းမောင် (ခ) ဇော်ဇော်၏ အိမ်ကို စ၍မီးရှို့ရန် ကြိုးစားရာ ရခိုင်လူမျိုးများက ၀ိုင်းဝန်းငြိမ်းသတ်နေစဉ် ယင်းနေရာနှင့် အလှမ်းဝေးကွာသော မြို့ဈေးတန်းရှိ မောင်ဆန်းဝင်းနှင့် မောင်ဘုကြီး တို့၏နေအိမ်ကိုမီးရှို့ ခဲ့ကြသည်။ ထို့နောက် အပြန်အလှန် မီးရှို့မှုများဖြစ်ပွားပြီး ရခိုင်လူမျိုးပိုင်အိမ် ၄၂ ဆောင်မီးလောင်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုပေါင်း ၄၄စု (ကျား၁၂၀၊ မ ၁၄၇)ရှိခဲ့သည်။

Comments