Art Exhibition for the Rangoon University restoration

ရှင်သန်ဖူးဝေ ကံ့ကော်မြေ
မိုးမခအထောက်တော်
အောက်တိုဘာ ၂၇၊ ၂၀၁၂

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦပြန်လည်တည်ဆောက်ရေးအဖွဲ့က ကြီးမှူးပြီး ရှင်သန်ဖူးဝေ ကံ့ကော်မြေလို့ အမည်ရတဲ့ ရံပုံငွေ ပန်းချီပြပွဲတခုကို လာမည့် နိုဝင်ဘာ ၅ ရက်နေ့ကနေပြီး ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ ပြပွဲအချိန် ကတော့ နံနက် (၁၀း ၀၀ ) ကနေ ညနေ (၅း ၀၀) ထိဖြစ်ပြီး နေရာကတော့ ယုဒသန်ရိပ်သာ၊ အမှတ် ၆၀၀၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မှာဖြစ်ပါတယ်။


ထို့ပြင် ဒီပြပွဲကို ခိုင်ထူး၊ ရင်ဂို စတဲ့ နာမည်ကြီးအဆိုတော်တွေအပြင် အခြားအနုပညာရှင်များကလည်း ၀ိုင်းဝန်းပံ့ပိုးကူညီကြမှာဖြစ်ပါတယ်။
၎င်းအပြင် ကံ့ကော်မြေ အမှတ်တရမဂ္ဂဇင်းတစောင်ကိုလည်း ထုတ်ဝေမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နောက်ခံပါ ပြက္ခဒိန်များကိုလည်း ရောင်းချ ပေးမယ်လို့ သိရပါတယ်။

ဒီပြပွဲမှာ နာမည်ကျော်ပန်းချီပညာရှင်တွေရဲ့ ရန်ကုန်တက္ကသိုလ်သမိုင်းနဲ့ဆက်နွယ်တဲ့ အရိပ်အငွေ့တွေပါဝင်တဲ့ ပန်ချီကားတွေကို မြင်တွေ့ ရမှာဖြစ်ပါတယ်။

Comments