Kyaw Zaw Oo (Coral Arakan News) OIC and Burma and Rakhine


 OIC ၊ ရန်သူ့အားပေး ဒီဂရီတိုင်းတာမှု ၊ ကုလားငွေ နှင့် မယားရွှေ
ကျော်ဇော်ဦး၊ Coal Arakan News (ဖေ့စ်ဘွတ်) က ပြန်လည်ကူးယူတင်ပြသည်
စစ်တွေ၊ ၁၆ အောက်တိုဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ ဆောင်းပါး ]

အိုအိုင်စီ ဆက်ဆံရေးရုံးများကို မြန်မာနိုင်ငံအစိုးရက ဖွင့်ခွင့်မပေးတော့ပါ ဟု နိုင်ငံတော် သမ္မတရုံးမှ ကြေငြာချက်ထုတ်ပြန်ပြီးနောက် ပုံမှန်အားဖြင့်ဆိုလျှင် မြန်မာပြည်တွင် မီးပြတ်သွားရာမှ မီးပြန်လာသလို ဟေး ကနဲ အော်ဟစ်ပြီး ၀မ်းသာကြရန် ဖြစ်ပါသည်။ သို့ရာတွင် အခြေအနေမှာ ထိုမျှ ရှင်းလင်းလွယ်ကူခြင်းမရှိပါ။
            အစကထင်ထားသလို အဓိပ္ပာယ်ဝှက်ကို မှန်ဘီလူးနဲ့ ရှာဖတ်စရာမလိုတော့ပဲ သမ္မတရုံး ညွှန်ကြားရေးမှူး မှူးဇော် ရဲ့ Facebook စာမျက်နှာမှာ သည်ကနေ့ တဲ့တိုး ရေးလာသည် ကို ဖတ်ရသည်မှာ ၀မ်းသာစရာပါ။ သူက သည်လိုရေးထားသည်။
“မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ လက်မခံဟူသော သဘော မဟုတ်ပါ။ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုအားဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို ထိထိ ရောက်ရောက် ပေးအပ်နိုင်စေရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။”
(နောက်များကျမှ သမ္မတက ဒါ ငါပြောတာ မဟုတ်၊ မှူးဇော်ရေးလိုက်တာ လို့ ဆိုချင် ဆိုနေမှ ခက်ဦးမည်ကလည်း တစ်မှောင့်။)
            ကမ္ဘာပေါ်တွင် ငွေပိုငွေလျှံအများဆုံးကိုင်ထားနိုင်သည့်သူများ (ဥပမာ အာရပ် ရေနံ နိုင်ငံများ) နှင့် ကမ္ဘာပေါ်တွင် ငွေကို အငမ်းမရ လိုက်ရှာနေရသည့် အစိုးရ (ဥပမာ မြန်မာအစိုးရ) တို့ ပါဝင် ပတ်သက်နေကြသည့် ယခုလိုပြဿနာမျိုးတွင် သာမန်ထက် ခက်ခဲနက်နဲမှုမျိုးတွေ ပါဝင်လာကြသည်။ ထိုအကြောင်းတို့ကို တစ်ချက်ချင်း စဉ်းစား ကြည့်ကြရန်ဖြစ်ပါသည်။

(၁) မိမိလုပ်ချင်သော အလုပ်ကိုလုပ်ရန် မြန်မာပြည်ထဲတွင် ရုံးခန်းရှိနေဖို့မလိုပါ။ မြန်မာပြည်ထဲကိုလာ၊ ဟိုတယ်တစ်ခုတွင်တည်း၊ ဟိုတယ်အခန်းထဲမှ နေ၍ ဖုန်း တစ်ချက်ပြီး တစ်ချက် ကောက်ဆက်နေလျှင် ရုံးခန်း နှင့် အလုပ်လုပ်နေသည့် အတိုင်းပင် ဖြစ်ပါသည်။ မလေးရှား (သို့မဟုတ်) ထိုင်းတွင် ရုံးခန်းဖွင့်ထားပြီး လေယာဉ်ဖြင့် ခေါက်တုံ့ခေါက်ပြန်လာနေလျှင်လည်း သူတို့အတွက် အလုပ်ဖြစ်နိုင် ပါသည်။

(၂) အရေးကြီးသည့်အပိုင်းမှာ ‘ရခိုင်ပြည်မြောက်ပိုင်း အတွက်’ (သို့မဟုတ်) ‘ဒုက္ခသည်များအတွက်’ အစရှိသည်ဖြင့် လှလှပပ စကားလုံးဖြင့်တန်ဆာဆင်ထားသော ပရောဂျက်များကို အသေအချာ စောင့်ကြည့်ရန်ဖြစ်ပါသည်။ အဓိက စိစစ်ရမည့် သော့ချက် မေးခွန်းများမှာ ပရောဂျက်တစ်ခုသည် (က) မည်သူတွေက လှူတဲ့ ပိုက်ဆံနဲ့လုပ်တာလဲ (ခ) မည်သူတွေအကျိုးခံစားခွင့်ရှိမှာလဲ (ဂ) အဲသည် ပိုက်ဆံတွေကို ဘယ်အဖွဲ့က ကိုင်တွယ်ပြီး အလုပ်လုပ်မှာလဲ (ဃ) လုပ်ဆောင်မှု တွေကို ပွင့်လင်းမြင်သာမှု အတိုင်းအတာ ဘယ်လောက်နဲ့ ပြည်သူတွေကို အသိပေးထားသလဲ အစရှိသည့် ပေတံများဖြင့် ရန်သူအားပေး ဒီဂရီ (၀ါ) သူခိုးဓါးရိုးကမ်း ဒီဂရီ မည်ရွေ့မည်မျှရှိသည်ကို တိုင်းတာရပါမည်။ တားဆီးတန်က တားဆီးရပါမည်။

 (၃) လူသားချင်းစာနာထောက်ထားမှု ဆိုသော ခေါင်းစဉ်ဖြင့် စီးဆင်းလာသည်ကို တရားဝင်သဘော အားဖြင့် တားမရဆီးမရ ဖြစ်လာမည့်အတူတူ၊ ပွင့်လင်းမြင်သာမှု (transperncy) ရှိနိုင်အောင် ဖန်တီးကြရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ပြောသည့် စကားကို တဖန် ကိုးကား ပြောရမည်ဆိုလျှင် secrets = lies ဖြစ်ပြီး openness = honesty ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ လျှို့ဝှက် ထားစရာတွေရှိနေတာဟာ လိမ်လည်စရာတွေရှိနေလို့ ဖြစ်ပြီး၊ ပွင့်လင်းမှု သည် ရိုးသားမှုကို ဖော်ဆောင် သည် ဟု ဆီလျော်စွာ အကြမ်းဖျင်း ဘာသာပြန် ပြောနိုင် ပါသည်။ ဒါကြောင့် အပြင်ကလာတဲ့ အဖွဲ့တွေကို ပွင့်လင်းခိုင်းပါ။ တို့ရွာထဲလာပြီး ယီးတီးယားတား လာလာမလုပ်နဲ့ လို့ ပြောသင့်ကပြောရပါမည်။ မောင်ကြီးသိရင် ဓါးကိုဆွဲလို့ တအားကို လွှဲလို့ ခုတ်လိမ့်မယ် ဟု ပြောရပါမည်။

(၄) အပြင်က၀င်လာသည့်ငွေများကို ကိုင်တွယ်ပြီး ရခိုင် နှင့် ဘင်္ဂါလီများကို မခွဲခြားပဲ ထောက်ပံ့ပါမည် ဆိုသည့်အဖွဲ့များကို ပွင့်လင်းမြင်သာမှု ရှိရှိ အလုပ်လုပ်ခိုင်းရပါမည်။ ရခိုင်တွင် အလုပ်လုပ်နေသော အလျှို့ဝှက်အသိုသိပ်ဆုံး ဟု ဆိုပါသော WFP (World Food Program) သည် အလျှို့ဝှက်ဆုံးဖြစ်သည်မှာ မှန်လျှင် မဟုတ်တာလုပ်ထားတာ အများဆုံး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဤသည်မှာ ဥပမာပေးခြင်းသာ ဖြစ်ပါသည်၊ အတိအကျ စွပ်စွဲခြင်း မဟုတ်သေးပါ။  

(၅) နိုင်ငံတကာမှ ၀င်လာကြသော အဖွဲ့အစည်းများကို စောင့်ကြည့်ရန် ရခိုင် ပြည်သူများက မိမိတို့ကိုယ်တိုင် ကွန်ရက်ဖွဲ့ထားရပါမည်။ ဆိုလိုသည်က ယင်းကဏ္ဍကို ပြည်သူများက Community Watch လုပ်ရပါမည်။ အစိုးရကို အားကိုးနေ၍ မရပါ။ ယင်းကဲ့သို့ စောင့်ကြည့်ခြင်းအား ပြည်သူများက တစ်နိုင်တစ်ပိုင် လုပ်ခြင်းကိုလည်း မည်သူကမျှ တားမြစ် ပိုင်ခွင့်မရှိပါ။

(၆) အစိုးရကို လုံးခြုံ အားကိုးနေလို့ မဟန်လောက်ကြောင်းကို မလေးရှား ကူညီရေး အဖွဲ့ (KP1M) လာစဉ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို ပြန်လည်သုံးသပ် ကြည့် ပါက သိသာနိုင်ပါသည်။ မိမိတို့ကိုယ်တိုင်ပင် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာနေဖို့ လိုအပ် ပါသည်။
 
PK1M အဖွဲ့ အမည်ခံကာလာရောက်သော ခရီးစဉ်သည်  Humanitarian Freedom Flotilla to Arakan ဟု လွန်ခဲ့သော သုံးလလောက်ကပင် စတင်ထားကြ သည့် ပရောဂျက်ကို အခြေခံကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကသိနေပါသည်။ ယခင်စီစဉ်ထားသည့် အတိုင်း မီဒီယာအဖွဲ့ကို သူတို့ သင်္ဘောတွင် ဖိသိပ် တင်ဆောင် လာသည်မှာ အတူတူပင်ဖြစ်သော်လည်း၊ ယခင်စီစဉ်ထားသကဲ့သို့ ထိပ်တိုက်ရင်ဆိုင် နည်းလမ်းကို မရွေးချယ်ပဲ အပျော့ဆွဲ အောက်ကြောင်းနှိုက်နည်းဖြင့် ၀င်လာပါသည်။
            ရန်ကုန် ဆိပ်ကမ်းမှာ သင်္ဘောလဲ ပြီး၊ (လူပျံ ဦးရွှေမောင် ပိုင်သည်ဟု ဆိုကြသော) ရွှေသုဝဏ် သင်္ဘောဖြင့် စစ်တွေ ဆိပ်ကမ်းကိုဆိုက်ကပ်သည်။ အရပ်သားတွေ အနားကပ်လို့မရအောင် လုံခြုံရေးချပြီး ပစ္စည်းတွေကို ချသည်။ ဤအရေးကို စောင့်ကြည့်နေသူများက ၁) ရဟန်းပျိုများသမဂ္ဂ ၂) ပြည်သူ့လွှတ်တော် အမတ်တစ်ဦး ၃) ပြည်နယ်လုံခြုံရေးဝန်ကြီး နှင့် ၄) နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦး တို့ကို လှမ်း အကြောင်းကြားရာ၊

        (ဆန္ဒပြမည့်အရေးနှင့် အလုပ်ရှုပ်နေဟန် တူသော) ရဟန်းပျိုများက ဤကိစ္စတွင် မိမိတို့ဝင်စွက်နေစရာ အကြောင်းမရှိ၊ အစိုးရအလုပ်ကို အစိုးရလုပ်လိမ့်မည် ဟုဆို သည်။

        ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက အစိုးရအလုပ်ကို အစိုးရလုပ်မှာပေါ့၊ ခင်ဗျားတို့ ဘာမဆိုင်တာတွေကို လျှောက်ပြောနေတာလဲ၊ လူထုကို ဆူပူအောင်မလုပ်နဲ့ ဟု ဆိုသည်။ နောက်မှ လေသံလျှော့ပြီး ကျုပ် စုံစမ်းကြည့်လိုက်မယ် ဟုဆိုသည်။

        ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကမူ ဒီအကြောင်း (ဆိုလို တာက၊ ဒီလို အဖွဲ့မျိုးရောက်နေတာ) ကို ကျွန်တော်မသိ သေးဘူး၊ ကျွန်တော်လည်း အခု မြို့ပြင်ရောက်နေတယ် ဟု ဆိုသည်။

        နိုင်ငံရေးပါတီခေါင်းဆောင်တစ်ယောက်ကမူ သူတတ်နိုင်သမျှ တာဝန်ရှိသူတွေ ကို အကြောင်းကြားပေးမယ် ဟု ဆိုပြီး အကြောင်းကြားပေးသည်။

နောက်တစ်ရက်နှစ်ရက် အကြာတွင် PK1M ကယ်ဆယ်ရေးပုံးခွံများတွင် (ဖုံးဖိယူဆောင် လာသည့်) လှုံ့ဆော်သည်သဘောရှိသည့် ရုပ်ပုံများ စာများ ကွာကျ ထွက်ပေါ် လာ သည်။ တကယ်လို့များ ဖောက်ခွဲရေး ပစ္စည်းများကို အမျိုးအမည်ခွဲကာ တင်သွင်းလာခဲ့ ခြင်းသာဖြစ်လျှင် တွေးများ မတွေးဝံ့ စရာ ဖြစ်သည်။ ယခုပင် ကျွန်တော် ရဲရဲမတွေးဝံ့ သေးပါ။

(၇) သင်ခန်းစာ။ မည်သည့် တရားဝင်ရာထူးမျှ ရယူထားခြင်းမရှိသော ပြည်သူများ ပြည်သူ့ အဖွဲ့အစည်းများတွင် မိမိတို့လူ့အသိုက်အ၀န်းကိုကျရောက်လာနိုင်သည့် အန္တရာယ်များကို တင်ကြိုစောင့်ကြည့်ရန် တာဝန်ရှိသည့်အပြင်၊ ပြည်သူများအနေဖြင့် စောင့်ကြည့်ပိုင်ခွင့်ရှိကြောင်းကိုလည်း အများပိုမို သဘောပေါက်လာအောင် လုပ်သင့် သည်။ ထို့ကြောင့် မည်သူမဆို စောင့်ကြည့်ပိုင်ခွင့်ရှိသည်။ မည်သူမဆို သတင်းထောက် ပိုင်ခွင့်ရှိ သည်။  ဤသို့စောင့်ကြည့်မှလည်း တော်ကာကျမည်။

(၈) စောင့်ကြည့်ရေး ကွန်ရက် (တစ်နည်း၊ တက်ကြွလှုပ်ရှားသူများ ကွန်ရက်)ဖွဲ့ဖို့ အလွယ်ကူဆုံး နည်းလမ်းမှာ မိမိတို့ (စစ်တွေ) လူ့အဖွဲ့အစည်းတွင် ဦးဆောင် နေကြသူများ ပါဝင်ပတ်သက်နေကြသူများ ကို ဖုန်းနံပါတ်စာရင်း (phone number listing) လုပ်ကာ အချင်းချင်းဖြန့်ဝေရယူထားကြပြီး၊ တစ်ပတ်တစ်ခါ ဆိုသလို တွေ့ဆုံ ဆွေးနွေးပေး ရန်သာ ဖြစ်သည်။ ဘာမှ တရားဝင်မှတ်ပုံတင်ရန်မလို။ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ က ဆိုထားသလို ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ် အသိအမှတ်ပြု လျှင် လင်မယားအရာ မြောက်သည်။

(၉) ရခိုင်ပြည်နယ်ထဲတွင် လာရောက်အလုပ်လုပ်နေကြသော UNHCR အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အခြေအနေ status ကို မပြတ်စိစစ် သုံးသပ်မှသာ ရခိုင်လူမျိုး အသက်ရှင် ရပ်တည်နိုင်တော့မည်ဖြစ်သည်။

က) သူတို့လာလုပ်နေတဲ့အလုပ်က သူတို့ပြောထားတဲ့အတိုင်း သဘာဝကျ ပါရဲ့လား။ ဥပမာ UNHCR က ပြန်လည်လာရောက်သူ (returnee) ဆိုသူတွေ လူအဖွဲ့အစည်းအတွင်း ပြန်လည်နေသားကျစေဖို့ ( repatriation ) လုပ်တယ် ဆိုတာကို အခုလို ဆယ့်ရှစ်နှစ်လောက် ကိုယ်ဖိရင်ဖိ လုပ်နေစရာလိုသလား။ မျိုးဆက် တစ်ဆက်စာကာလ ဒီလိုလုပ်ပေးတာဟာ လူမျိုးသစ်တစ်ရပ် ပေါ်ထွန်းရေးကို လုပ်ပေး နေတာမျိုး ဖြစ်မနေဘူးလား။

ခ) အဲသလိုလုပ်ကိုင်ဖို့ ငွေတွေက ဘယ်ကလာသလဲ။ ဘယ်သူထောက်ပံ့ တာလဲ။ အာရပ်နိုင်ငံတွေဟာ မူဆလင်တွေကို ထောက်ပံ့ဖို့ပေးတဲ့ ငွေတွေကို သူတို့ ကိုယ်တိုင် ကိုင်လို့ မလာပါဘူး။ UN အဖွဲ့အစည်းတစ်ရပ်ကို သူတို့လုပ်စေချင်တဲ့ အလုပ်အတွက် ပိုက်ဆံတွေလှူတယ်။ အဲသည် UN အဖွဲ့အစည်း ကပဲ ဒေသခံအစိုးရနဲ့ ညှိတယ်။ လိုအပ်ရင် ကန်ထရိုက်တွေ ခွဲချပေးပြီး ACF လို မူဆလင်လောက ကြီးထွားရေးကို ဥရောပတိုက်သား လူဖြူမျက်နှာတွေနဲ့ အလုပ်လုပ်တယ်။ ဒီလို အလုပ်လုပ်ကြတဲ့အဖွဲ့တွေက လာတဲ့ငွေတွေ သန္ဓေကောင်းမကောင်း စိစစ်ရမယ်။

ဂ) ဒီလို စီစစ်တာတွေကို (ပြည်နယ် ၊သို့မဟုတ်၊ ပြည်ထောင်စု) အစိုးရက တာဝန်ယူလုပ်ပေးရပါမယ်။ ဒါပေမဲ့ ရခိုင့် အရပ်ဘက် လူ့အဖွဲ့အစည်းကလည်း ဒါအတွက် အမျိုးသားရေးသတိ အစဉ် ရှိနေရပါမယ်။

၁၀) ဘယ်မှာ ဖတ်မိမှန်း သိပ် အသေချာ မမှတ်မိပေမယ့် တခြားဆက်စပ် ဘဏ္ဍာရေး သတင်းတွေကိုလည်း အသေအချာကြားဖူးထားတာမို့ ရေးလိုက်ပါတယ်။ အရေးတကာ့ အရေး အကြီးဆုံးအချက်ကတော့ မြန်မာအစိုးရအနေနဲ့ UAE (အာရပ် စော်ဘွား များ ပြည်ထောင်စု) ၊သို့မဟုတ်၊ အာရပ်နိုင်ငံတစ်ခုခဲု့ ဘဏ်(တွေ)မှာ ဘဏ်စာရင်း (တွေ) ရှိတယ် လို့ စွပ်စွဲထားကြတဲ့ အချက်ပါပဲ။

ဒါကို ကျွန်တော် တစ်နေရာမှာ ဖတ်ဖူးပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ နိုင်ငံတကာ အရေးယူပိတ်ဆို့မှု တွေ ကြောင့် အခက်ကြုံ နေရတဲ့ လွန်လေခဲ့တဲ့ ကာလတွေ တောက်လျှောက်မှာ၊ အဲသည်လို အာရပ်နိုင်ငံတွေက ဘဏ္ဍာရေးလမ်းကြောင်းတွေဟာ မြန်မာအစိုးရအတွက် အသက်ရှု ချောင်စေမယ့် လေရှုပေါက်တွေ ပေးခဲ့တယ် လို့ဆိုကြတယ်။
            ဒီတော့ အခုလည်း ကုလားငွေ လာချင် သပ ဆို မခက်လှပါဘူး။ ကုလားငွေနဲ့ မယားရွှေ ၀ယ်ချင်သူ ၀န်ကြီးမင်းများကတော့ အသာလေးပြုံးနေကြမှာပါ။
            ဒီတော့ အထူး သတိထားတော်မူကြပါကုန်။ OIC ဟာ မြန်မာပြည်ထဲမှာ ရုံးရှိမှ သူတို့ လုပ်ချင်တာလုပ်လို့ ရနိုင်တာမဟုတ်ပါဘူး။ ဆက်ဆံရေး ရုံးမရှိလည်း သူတို့ လုပ်ချင် တာကို လုပ်လို့ရနိုင်ကြောင်းပါ ခင်ဗျား။ အခုလည်း သမ္မတရုံးက မှူးဇော်ရဲ့ Facebook စာမျက်နှာမှာ ဘာဂလို တိုတို ရေးသားထားကြောင်း ပါ ခင်ဗျား။

(ကျော်ဇောဦး ရေးသားသည်)
 Anyone can use our content materials except for print media but please mention that the authors are Coral Arakan  News Agency and its journalists.

Comments