Lut Latt Soe - My dad, non-replaceable


ကွန်မရဲ အစားထိုးမရပါသော ဖေဖေ
လွတ်လပ်စိုး၊ ဖေ့စ်ဘွတ်၊ အောက်တိုဘာ ၄၊ ၂၀၁၂

ကွန်မအတွက် ခုလို နေမျိးဟာ စောစီးစွာေ၇ာက်လာခဲ့မယ်လို မထင်ထားခဲ့ပါဘူး။ တရားမရှိဘူးပဲ ပြောပြော တကယ့်ကို မမျှော်လင့်ခဲ့တာပါ။ ကွန်မဟာ ဖေဖေနဲ အနီးကပ်နေခဲ့ပြီး ဖေဖေ့စားပွဲပေမှာ တင်ထားတဲ့ ဓာတ်မှန်ဟာ ကွန်မတို မိသားစုအတွက် ခြံခိုတိုက်ခိုက်မယ့် မြွေပွေးတကောင်ဆိုတာ လုံးဝ မရိပ်မိခဲ့ပါဘူး။
အဲဒီနေ့က...အတိအကျ ပြောရရင် ၂၅..၁၂ နေ့လယ် ၃နာရီမှာ ဦးနု ရဲ့ တာတေ စနေသား စာအုပ်မိတ်ဆက်ပွဲကနေ ပြန်လာပြီး ခန နား ရေချိုးပါတယ်။ ပြီးတာနဲ့ မေးလ်တွေ စစ်ပါတယ်။ ဗိုက်ဆာတယ်ဆိုလို့ ခေါက်ဆွဲပြုတ်ပေးတာကို မြေးအဖိုး ၂ယောက် အတူတူ လုစားနေကြပါတယ်။ ပြီးတာနဲ့ ဖေဖေတူအရင်းဓာတ်မှန် ဆရာဝန်ကြီးကို သွားဖတ်ခိုင်းဦးမယ်ဆိုပြီး ပေါ့ပေါ့ပါးပါးပဲ ထွက်သွားပါတယ်။ ကျွန်မလဲ အေးအေးလူလူ ကျန်ခဲ့တာပါ။
၆နာရီလောက်မှာ အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့ ဖေဖေရယ်.... ကျွန်မက ခပ်အေးအေးပဲ ဘာတဲ့လဲ ဖေကြီးလို့ မေးလိုက်ပါတယ်။ ဖေဖေက မဖြေပဲ ကျွန်မ အမျိုးသား ပြန်လာပြီလားလို့ မေးပါတယ်။ လာနေပြီ လမ်းထိပ်ရောက်နေတယ် ပြောတယ်ဆိုတော့ ဖေက ပိုက်ဆံအံဆွဲလေး ဆွဲဖွင့်ရင်းက အခု ချက်ချင်း `အနိုင်´(အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်)ဆီ သွားလို့ `အတိုး´(ဓာတ်မှန်ပါရဂူကြီး)က ပြောတယ်။ ဖေကြီးဓာတ်မှန်မှာ CA လို ပေါ်နေတယ်တဲ့။ ကျွန်မ ချက်ချင်းပဲ ထုံသွားပါတယ်။
မယုံနိုင်ပါဘူး။ ကျွန်မတွေ့တာတော့ ဖေကြီးရဲ့ အဆုတ်ဘယ်ခြမ်းမှာ အဖြူကွက်ကြီးတွေ့တာပဲ။ ဖေကြီးကို မောင်လေးအကြီးတုန်းကလို ရေ၀င်နေတာ နေမှာပါလို့တောင် ပြောမိသေးတယ်။ 
ကျွန်မအမျိုးသား ရောက်လာတော့ ကားမောင်းပို့ပြီး ၂ယောက်သား ထွက်သွားကြတယ်။
ကျွန်မ ချက်ချင်း အကိုတ၀မ်းကွဲ ဓာတ်မှန် ပါရဂူဆီ ဖုန်းဆက်ပါတယ်။ သူ့အတွေ့အကြုံအရ ၇၀ ရာနှုန်း သေချာတယ် ပြောပါတယ်။ online ကနေ တဆင့် စင်ကာပူရောက်နေတဲ့ အမအကြီးနဲ့ မောင်အကြီးဆီ message ပို့တယ်။ ပဲခူးရောက်နေတဲ့ မေမေ့ဆီ ဖုန်းဆက်တယ်။ ကျွန်မခေါင်းထဲမှာ ထုံနေတယ်။ ငိုရမှာလား မငိုရဘူးလား မဝေခွဲတတ်ဘူး။ ဟုတ်ကော ဟုတ်ရဲ့လား။ ဓာတ်မှန်ပေါ်မှာ တခုခုများ ဖုံးအုပ်မိသွားသလား...ဆေးများ ကွက်နေရော့သလား။ အရူးတယောက်လို လျှောက်တွေးနေမိတာနော်။ လက်မခံချင်တဲ့စိတ်ကြောင့်ပေါ့လေ။ 
ကျွန်မ ဖေဖေက လူကောင်းတယောက်ပါ။ ဘာလို့ စောစောစီးစီး သွားခိုင်းရမှာလဲ။ ကံကြမ္မာကို ကျွန်မ လာဘ်ထိုးလို့ မရနိုင်ဘူးလား။ 
ဒေါက်တာဝင်းနိုင်က ချက်ချင်းပဲ CT Scan ရိုက်ခိုင်းပါတယ်။ အာရှတော်ဝင်မှာ ရိုက်တဲ့ CT result ကို ညတွင်းချင်း အကိုဓာတ်မှန်ပါရဂူက ဖတ်ပါတယ်။ ပြီးတော့ ကျွန်မဆီ၊ ဖေကြိးဆီ ဖုန်းဆက်ပါတယ်။ မကြားချင်တဲ့ အဖြေကို သေချာသိရပါပြီ။
နောက်တနေ့ မနက် ၂၆..၁၂ အသည်းဆေးရုံမှာ အကိုဆရာဝန်ထံ ဖေကြီး မေနဲ့ ကျွန်မ ချီတက်ကြပါတယ်။ အကိုက သေချာ ရှင်းပြပါတယ်။ စင်မှာ သွားထပ်စစ်ဖို့ ပိုသေချာအောင် လုပ်စရာရှိတာ မြန်မြန်လုပ်ဖို့.......စီစဉ်ရပါပြီ။ အမြန်ဆုံး သွားဖို့ရယ်၊ အမြန်ဆုံး check up လုပ်နိုင်ဖို့ရယ်။ အမ booking လုပ်ထားတဲ့အတွက် Lung & Chest Specialist ဆရာဝန်ကြီးနဲ့ Mount.E Hospital မှာ ပြသဖို့ .၁၀.၁၂ ကို ချိန်းထားပါတယ်။ အကုန် ပြန်စစ်ပါတယ်။ အဆုတ်ထဲကနေ biosy ယူပါတယ်။ CT ပြန်ရိုက်ပါတယ်။
နောက်တနေ့ .၁၀.၁၂မှာ တကိုယ်လုံး CT ဆေးအခေါ်က PET လို့ခေါ်တာနဲ့ brain mri ရိုက်ပါတယ်။ ဒီနေ့ .၁၀.၁၂ မှာတော့ ဆရာဝန်ကြီးဆီမှာ ဆေးစစ်ချက်တွေ ပြန်ပြရပါတယ်။ ဖေဖေ့အကျိတ်က ခွဲလို့မရနိုင်ကြောင်းနဲ့ ဦးခေါင်းခွံနားမှာ ပြန့်နေတဲ့ ဆဲလ်တချို့တွေ့ကြောင်း သိရပါတယ်။ ကီမို သွင်းဖို့ စပြီး စီစဉ်ပါတယ်။ မနက်ဖြန် မနက်မှာ first cycle ကီမို သွင်းပါမယ်။ ၁၁ ရက်မှာ second cycle သွင်းပါမယ်။ အဲဒီနောက်တော့ မြန်မာပြည် ပြန်လာပါလိမ့်မယ်။
ဒီမှာ ဆက်ပြီး ကီမိုကို ဆေးပတ်ပြည့်အောင် သွင်းရပါမယ်။
ကျွန်မတို့ မိသားစုရဲ့ ဘ၀မှာ တိုက်ပွဲတွေ အကြိမ်ကြိမ်တိုက်ခဲ့ဖူးပါတယ်။
ဖေဖေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲကို ၃ကြိမ်တိုင်တိုင် ဆယ်စုနှစ် နှစ်ခုစာအတွင်း ၀င်လိုက် ထွက်လိုက်လုပ်ဖူးပါတယ်။ ကျွန်မတို့ အံကြိတ်ခဲ့ရတဲ့နေ့တွေဟာ ကျွန်မ အသက် ၁၈ နှစ် မပြည့်ခင်ထဲကပါ။ အခု ကျွန်မ အသက် ၄၁ နှစ်ရှိပါပြီ။ တိုက်ပွဲတွေက မပြီးသေးဘူးဆိုတဲ့ သဘောလား။ ခန နားထားတဲ့ တိုက်ပွဲကို ပြန်တိုက်ခိုင်းတာလား။
အဖေဆိုတာ သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတဲ့ သင်္ကေတအနေနဲ့ ပါဆယ်ပစ္စည်းများကို `လက်ခံရရှိပါသည် င်ဝံသ´ ဆိုတဲ့ မော.. ရှေ့က မတပ်ထားတဲ့ ဖေဖေ့လက်မှတ်လေး တခုထဲနဲ့ ကျွန်မတို့ အားတင်းခဲ့ရတာ ငါးနှစ်တိတိ ကြာခဲ့ပါတယ်။ အဲဒါ နောက်ဆုံးအခေါက် အဖမ်းခံရတုန်းကပါ။ ပြန်ထွက်လာတော့ ဖေဖေ့သားတွေက အရပ်တွေ ရှည်နေလွန်းလို့ ဖေကြီးက မော့ကြည့်ရင်း သဘောတွေ ကျလို့လေ။ 
ကံကြမ္မာရဲ့ စိန်ခေါ်မှုက ဒီတခါတော့ တော်တော့်ကို ရက်စက် ဆိုးဝါးလွန်းပါတယ်။ ဒါပေမယ့် ကျွန်မတို့ တိုက်မှာပါ။ နိုင်သော်ရှိ မနိုင်သော်ရှိ ဘယ်တော့မှ အလံမလှဲဘူးလို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
ဖေဖေကလဲ ဒီသဘောပဲ ရှိပါတယ်။ 
သစ္စာတွေလဲ ဆိုရလွန်းလို့ အပ်ကြောင်းထပ်နေပြီ။ ဖေဖေ့ကို ကိုယ့်အဖေဆိုတာအပြင် မြန်မာနိုင်ငံအတွက် `မောင်ဝံသ´ဆိုတာ ရှိဖို့ လိုကို လိုအပ်တယ်လို့ ယုံကြည်တဲ့အတွက် မချိန်းထားပဲ စောစော လာစောင့်နေတဲ့ အရာကို နဲနဲတော့ ညှိနှိုင်းဖို့ လိုအပ်တယ် မဟုတ်လား။ ဘာပဲပြောပြော ဖေဖေ့ရဲ့ facebook မှာ ၀ိုင်းအားပေးကြသူများကြောင့် ကျွန်မတို့ အားတက်ရပါတယ်။ ဖေဖေ့ကို အားပေးကြပါ။ ဖေဖေဟာ သူတပါးကို ဘယ်တော့မှ ချောက်မတွန်းခဲ့ဖူးသူ၊ မကောက်ကျစ်ခဲ့ဖူးသူ၊ သိပ်ကို ရိုးစင်းလွန်းသူပါ။ သူ့ကို ဆော်နေမှန်း သိတဲ့သူကို အေးအေးလူလူ စကားထိုင်ပြောနိုင်သူပါ။ ကျွန်မတို့က ဖေဖေ့နောက်ကနေ ဒေါသတွေ တငွေ့ငွေ့ထွက်နေရင် ဖေဖေက သမီးက နိုင်ငံရေးသမား သတင်းစာဆရာသမား သမီး မပီသသေးပါလား။ အရေမထူပါလားနဲ့ ဆုံးမနေကျပါ။
အနီးကပ် နေတဲ့ ကျွန်မဟာ ဖေဖေ့စိတ်ကို နေ့တိုင်းဖတ်နေရပါတယ်။ ဒီတလော ဖေဖေ နဲနဲ ပိန်လာတာ အလုပ်ပင်ပန်းလို့ပဲ ထင်ပြီး ပေါ့ဆခဲ့မိတဲ့ ကျွန်မကိုယ့်ကိုယ်ကို တော်တော် ခွင့်မလွှတ်ချင်ပါဘူး။ ဖေဖေက သိပ်လဲ အိပ်ရေးပျက်ခံနိုင်ပါတယ်။ ညဘက် နာရီ ၃နာရီ မှ အိပ်ပေမယ့် မနက်ခင်း ကျွန်မတို့ သားအမိနဲ့ မေမေ့အတွက် breakfast ကို ကိုယ်တိုင်ဝယ်ပေးပြီးမှ ပန်းကန်တွေထဲ အဆင်သင့် ထည့်ပေးပြီးမှ ၀ါသနာ စေတနာတွေကြောင့် အခမဲ့ ဖွင့်ထားတဲ့ သူ့သင်တန်းလေးကို သွားနေကျပါ။
ဆိုးလိုက်တဲ့ ကျွန်မပါ။ အဖေ့ကို ကိုယ်က ၀ယ်ပေးရမယ့်အချိန်မှာ အဖေက အဆင်သင့် ခူးပေးထားတဲ့ မနက်စာကို ဒီအရွယ်မှာ ကျွန်မက စားဝင်သတဲ့။ ကျွန်မရဲ့ စိတ်မြန်လွန်းတဲ့ ဖေဖေ၊ သွက်လက်လွန်းတဲ့ ဖေဖေ၊ လုပ်စရာတွေ များလွန်းလို့ ရေအိုးတွေ အများကြီး ရွက်ထားရတဲ့ ဖေဖေပါ။ သူ့ခေါင်းပေါ် တင်လာသမျှ ရေအိုးတွေကို မညီးမညူ ထမ်းထားရင်းက ခုတော့....
ဖေဖေ့ကို လျှော့သင့်တာလျှော့ခိုင်းရပါမယ်။ ဖေဖေ အသက်ရှည်ရှည်နေဖို့ အလုပ်တွေ နဲနဲလျော့သွားရင် စာနာ နားလည်ပေးကြပါ။
ဘာပဲ ပြောပြော `မောင်ဝံသ´ဆိုတာ ဆက်ပြီး ရှင်သန်နေမှာပါလို့ ကျွန်မတော့ ယုံကြည်ပါတယ်။
တကယ်တော့ ကျွန်မဟာ ဖေဖေ အားမရတဲ့ သမီးတယောက်ပါ။
လွတ်လပ်စိုး

(ဓာတ်ပုံ၊ မိုးမခ၊ ဆရာမောင်ဝံသနှင့် ၂၀၁၀၊ ဒီဇင်ဘာ ၂၅က အယ်လ်အေမြို့တော်မှာ ဆုံတွေ့ခဲ့စဉ်က ဓာတ်ပုံဖြစ်ပါတယ်)

Comments