News and Media

လိုင်စင်မဲ့ကားများ ဥပဒေနှင့်အညီတင်းကြပ်နေသော်လည်း ကားဈေးကွက်တည်ငြိမ်
မြ၀တီသား
အောက်တိုဘာ ၂၀၊ ၂၀၁၂ 
 

ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ကားများကိစ္စကို ရထားဝန်ကြီးအသစ်တက်လာပြီးနောက်ပိုင်း အရေးယူလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြ သည့်အတိုင်း အမှန်တစ်ကယ်ဖြစ်လာပြီး ဘားအံပြည်နယ်ရဲ့တပ်ဖွဲ့မှူးရုံးဝင်းနှင့် အစိုးရရုံးဌာန နေရာလွတ်များတွင် ဖမ်းဆီးခံရသောလိုင် စင်မဲ့ကားများဖြင့် ပြည့်နေပါတယ်။

လမ်းပိုင်းရှိ ဂျိုင်းတံတား (ကောကရိတ်) နှင့် ဂျိုင်း (ဇာသပြင်) နှစ်ခုလုံး အလွန်တင်းကြပ်ပြီး ငြိမ်းအဖွဲ့များ၏ လက်တာဟက်(ထောက်ခံချက်) ဖြင့်ပင် သွားလာမရဖြစ်ကြရပြီး ထိရောက်စွာအရေးယူနေပြီဖြစ်သည်။ ထို့သို့အရေးယူနေရာမှ ယခုနောက်ဆုံး ပြည်နယ်အစိုးရအဖွဲ့နှင့် အ လွန်နီးစပ်သူတစ်ဦးက ဘားအံ-ကော့ကရိတ်-မြ၀တီ စသည့်မြို့များတွင်၊ လမ်းများတွင်သွားနေသော လိုင်စင်မဲ့ကားများအား တားဆီ ဖမ်း ဆီးရန် အစီအစဉ်များရှိနေကြောင်းပြောဆိုနေပြီး နီးစပ်ရာမိတ်ဆွေများကိုလည်း အမြန်ရောင်းချရန်တိုက်တွန်းလျှက်ရှိကြောင်း သိရပါ တယ်။

မြ၀တီမြို့ခံများကမူ ယခင်က ထို့သို့ဖမ်းဆီးခဲ့မှုများရှိပြီး အဆိုပါကိစ္စကို မကျေနပ်ဖြစ်ကြရာကစပြီး စစ်ပြေးရသည့်အထိဖြစ်ခဲ့ကြရသော မ ကြာသေးသောအချိန်က သမိုင်းရှိခဲ့ဖူးသဖြင့် ထိုကဲ့သို့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သုံးသပ်ကြသည်။

မည်သို့ပင်ဆိုစေ တဘက်ကမ်း (၁၃-၁၂) စသည့်ဂိတ်များတွင် ကားအရောင်းအ၀ယ်မှာအလုပ်ဖြစ်နေပြီး ကားဈေးမှာ သိသိသာသာကျဆင်း သွားခြင်းမရှိကြောင်း ကားကုန်သည်တစ်ဦးကဆိုပါတယ်။ သူ့လမ်းကြောင်းနဲ့သူကတော့ ရှိနေတာဘဲလို့လည်း ပြောပြပါတယ်။ အရောင်း အ၀ယ်အပျက်ပါဘူးလို့ သူကဆိုပါတယ်။အခြားသတင်းတစ်ခုကတော့ မြ၀တီ- ကောကရိတ်တွင် ကားဖမ်းမိပါက နေရာတွင်ပင် ချက်ချင်း အခွန်ဆောင်ပြီး ပြည်နယ်လိုင်စင်လုပ်စေမှာဖြစ်တယ်လို့လည်း အတည်မပြုနိုင်သေးသည့်သတင်းများ ကြားနေရပါကြောင်း သိရှိရပါတယ်။

Comments