U Vinaya passes away in Kabaaye, Rangoon



ကမ္ဘာအေးစွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဓန္တ၀ိနယ ပျံလွန်တော်မူ
မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၇၊ ၂၀၁၂
ကမ္ဘာအေးစွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဓန္တ၀ိနယ သည် သက်တော် ၉၈နှစ် ၊ ၀ါတော် ၅၈ ၀ါ၊ ၁၃၇၄၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၂၊ အောက်တိုဘာ ၆ ရက်၊ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပြီ ဖြစ်ကြောင်း ရပ်နီး ရပ်ဝေးရှိ တပည့်များ၊ ယောဂီများအား အကြောင်းကြားအပ်ပါသည်။ ကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့နှင့် မနက်ဖြန်တွင် ပရိသတ်တို့ လာရောက် ပူဇော်နိုင်ပြီး နောက်တရက်တွင် ဂူသွင်း သဂြိုဟ်မည်ဖြစ်သည်ဟု ကြားသိရပါသည်။

Comments