မိုးမခအထောက်တော် ၀၀၃၊ နိုဝင်ဘာ ၁၉ ၊ ၂၀၁၂
လစဉ် အီးမေးနဲ့ဖြစ်စေ၊ မိတ်ဆွေတွေ လက်ဆင့်ကမ်းလို့ဖြစ်စေ လက်ခံရရှိတဲ့ ကွန်မြူနီတီသတင်းလွှာလေးတခုကတော့ “နေရာတကာ မြန်မာကွန်မြူနီတီသတင်းဂျာနယ်” ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယမြောက်နှစ် အတွဲ ၂၊ အမှတ် ၁ ရှိနေပြီ ဖြစ်ပါတယ်။
ဒီဂျာနယ်ကို ၂၀၁၁ ခနှုစ် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်နဲ့  ၀စ္စကွန်ဆင်ပြည်နယ်။ မယ်ဝကီးမြို့မှာ စတင်ထုတ်ဝေဖြန့် ချိလာခဲ့တာ ဖြစ်ပါတယ်။ ဒီစာစောင်လေးဟာ အီးမေးနဲ့ အပြင် အခမဲ့ ပုံနှိပ်စာစောင်အဖြစ်နဲ့ပါ ပြည်နယ်အချို့ကိုပါ ဖြန့် ချိလျက်ရှိတယ်လို့ သိရပါတယ်။
စာစောင်ရဲ့ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်နေသူ စေတနာရှင်စာနယ်ဇင်းသမားကတော့ မောင်ဖေသောင်း ခေါ် မိုးအောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ရပ်နားသွားတဲ့ ထိုင်းနိုင်ငံအခြေစိုက် ခေတ်ပြိုင်ဂျာနယ်မှာ ၆ နှစ်ခန့် စာနယ်ဇင်းအလုပ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုလက်ရှိမှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်လျက်ရှိပြီး ရောက်တဲ့နေရာဒေသက ရွှေ့ပြောင်းအခြေချသူ တိုင်းရင်းသားကွန်မြူနီတီတွေနဲ့အတူ စာစောင်စာတမ်းများ ထုတ်ဝေပြီး သတင်းမျှဝေနေတာ တွေ့ရပါတယ်။
သည်နေရာမှာ အီးသတင်းလွှာကို ရယူဖတ်ရှုနိုင်ပါပြီ။

Comments