International Kachin Community posted concerns on Obama's trip to Burma

ပြည်ပရောက် ကချင်မဟာမိတ်များက အိုဘားမားခရီးစဉ်ကို သဘောထားထုတ်ပြန်
မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၂
နိုင်ငံတကာရှိ ကချင်တိုင်းရင်းသားအဖွဲ့ ၃၄ ဖွဲ့က နိုဝင်ဘာ ၁၉  ရက်တွင် လာရောက်မည့် အမေရိကန်သမ္မတခရီးစဉ်အပေါ် သဘောထားတရပ် ထုတ်ပြန်လိုက်သည်ကို လက်ခံရရှိသည်။ လာမည့် ရက်သတ္တပတ်အတွင်း၊ မြန်မာပြည်သို့  ၆ နာရီကျော် ခေတ္တ၀င်ရောက်မည့် သမ္မတကြီး အိုဘားမားအနေဖြင့် မြန်မာအစိုးရလက်ရှိ နိုင်ငံရေးအခြေအနေအပေါ် အလွန်အကျွံအကောင်းမြင်မှုများ၊ ထောက်ခံမှုများ မပြုလုပ်ရန် စုပေါင်းသဘောထားတရပ် တင်ပြထားသည်ကို တွေ့ရသည်။ မြန်မာပြည်အတွင်း လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များ အပြည့်အ၀မရှိသေးခြင်း၊ လက်ရှိကချင်ပြည်နယ်တွင်း စစ်တပ်၏ ထိုးစစ်များကြောင့် ပြည်သူ ၉  သောင်း၊ ဒုက္ခသည်စခန်း ၂၄ ခုဖြင့် ကစဥ့်ကလျား ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် မိမိတိုင်းပြည်၏ ဒီမိုကရေစီ တန်ဖိုး စံချိန်ထိုးပြီး မြန်မာပြည်အရေးကို ပြောဆိုဆောင်ရွက်စေလိုကြောင်း ပြောကြားထားသည်။
မူရင်း အင်္ဂလိပ်ဘာသာကို သည်နေရာမှာ ဖတ်နိုင်ပါပြီ။
(Photo - Kachin children who fled fighting in June are being fed in the KIA-controlled town of Laiza, near the Chinese border (KIO))

Comments