Invitation to Mudita Shwe Kyaung Community Library (25th Nov 2012)


မုဒိတာရွှေကျောင်း မြန်မာစာကြည့်တိုက် ဖွင့်ပွဲ ဖိတ်ကြားလွှာ
အချိန် - ၂၀၁၂၊ နိုဝင်ဘာ ၂၅ Sunday၊ ညနေ ၃ နာရီ မှ ၆ နာရီ
နေရာ - 27695 Leidig Ct, Hayward, CA 94544  Phone - (510 - 574 - 5442)

ရပ်နီး ရပ်ဝေးက စာရေးဆရာများ၊ စာပေချစ်သူများနှင့် ကြုံကြိုက်တုန်း အမှတ်တရအဖြစ် ဆရာတော် အရှင်ဉာဏိကာဘိဝံသက မုဒိတာရွှေကျောင်း မြန်မာစာကြည်တိုက် ဖွင့်လှစ်မည် ဖြစ်ပါသည်။
စာရေးဆရာများဖြစ်တဲ့ ကဗျာဆရာ၊ ဝေဖန်ရေးဆရာ မောင်စွမ်းရည်၊ စာရေးဆရာ၊ (အရှင်) ကံထွန်းသစ် နှင့် ဘလော့ဂ်ဂါ၊ စာရေးဆရာ နေဘုန်းလတ်တို့ကိုလည်း ဖိတ်ကြားထားပါသည်။
ဆန်ဖရန်ဘေးဧရိယာက စိတ်ဝင်စားသူ မြန်မာစာပေ၀ါသနာရှင်များကို ကြိုဆိုဖိတ်ခေါ်အပ်ပါသည်။
San Francisco Burmese Community Organizers & Volunteers များ၏ စေတနာ့ဝန်ထမ်း လုပ်အားအလှူ အွန်လိုင်းစနစ်သုံး စာကြည့်တိုက်စနစ်ဖြင့် စာကြည့်အသင်းဝင်ကဒ်များ ပြုလုပ်ခြင်း၊ စာအုပ်များ စာရင်းပြုစု ငှားရမ်းခြင်းတို့ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
စာရေးဆရာများ၊ စာပေချစ်သူများနှင့်လည်း ချစ်ခင်ရင်းနှီးစွာ မိတ်ဆွေစကားဝိုင်းလည်း ဆင်နွှဲကြမည် ဖြစ်ပါသည်။
တက်ရောက်လာသူ အားလုံးကို လဘက်ရည်ဝိုင်း၊ မုန့်ပဲသရေစာဝိုင်းတို့ဖြင့် ဧည့်ခံပါမည်။
စာအုပ်စာတမ်းများ မျှဝေလှူဒါန်းခြင်း၊ ကူညီထောက်ပံ့ပေးခြင်းတို့ကိုလည်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မုဒိတာရွှေကျောင်း ဆရာတော် အရှင်ဉာဏိကာဘိဝံသ နှင့်
San Francisco Burmese Community Organizers and Volunteers
မြန်မာစာပေ၀ါသနာရှင်များ၊ မိတ်ဆွေများ
www.MyMudita.com
http://Library.MyMudita.com

Comments