Khin Maung Toe not passes away

အဆိုတော်ခင်မောင်တိုး မကွယ်လွန်ပါ
Eleven Media Group သတင်းကောက်နုတ်ချက်၊ နိုဝင်ဘာ ၉၊ ၂၀၁၂
စင်ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေသော အဆိုတော် ခင်မောင်တိုးသည် ယနေ့ ညနေပိုင်း အချိန်က သတိပြန်ရလာပြီး မိသားစုနှင့် စကားအနည်းငယ် ပြန်ပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အဆိုတော် ခင်မောင်တိုး၏ အနီးတွင် ရှိနေသော အဆိုတော် ဂျေမောင်မောင်က ရန်ကုန်မြို့ရှိ ဂီတအနုပညာရှင်များထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရပါသည်။
အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ပါသည်။
နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိကြောင်း သိရှိရပါသည်။
(By Eleven Media Group)
(မိုးမခမှတ်ချက် - သူ့အကြောင်း အဆိုပါဂျာနယ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဓာတ်ပုံက ကိုခင်မောင်တိုးနဲ့ ကိုနေ၀င်း ငယ်စဉ်က ပုံဖြစ်ပါတယ်)
http://www.news-eleven.com/index.php?option=com_content&view=article&id=6252:2010-12-09-06-35-23&catid=61:local&Itemid=133

Comments