ကုပ်ပေါ်မိုးလိုက်သော မြတ်ဒါန
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၂၅၊ ၂၀၁၂
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၂၅၊ ၂၀၁၂
(၁၈.၁၁.၂ဝ၁၂) ရက်နေ့ နံနက် (၁၂:ဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ ပေါ်ပြူလာဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုး (မြန်မာစာ) သည် မွေးနေ့အလှူဒါနနှင့် ကိုမျိုး (မြန်မာစာ) တွေ့ဆုံမေးမြန်းသည့် “ဒီမိုကရေစီခေတ် မီဒီယာပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်က အင်တာဗျူးစကား (သို့မဟုတ်) ကုပ် ပေါ်မိုးထား သောဓါးများ” ထုတ်ဝေခြင်းအမှတ်တရအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခအလင်း ပညာဒါနသို့ အလှူငွေပေးအပ်ပွဲ အခမ်းနား တစ်ရပ် ကျင်းပခဲ့ကြသည်။ အဆိုပါ အလှူငွေပေးအပ်ပွဲတွင် Asia Fame Media Group မှ ညီအကိုမောင်နှမများသည် ကိုမျိုး (မြန်မာစာ) ၏ မွေးနေ့အဖြစ် ငွေကျပ် ၂၅ဝဝဝဝိ /- (နှစ်သိန်းငါးသောင်း) နှင့် ကိုမျိုး (မြန်မာစာ) မှ ငွေကျပ် ၁၅ဝဝဝဝိ/- (တစ်သိန်းငါးသောင်း)၊ “ကုပ် ပေါ်မိုးထားသောဓါးများ” စာအုပ်ထုတ်ဝေသူ ကိုငြိမ်းချမ်းသာ (မန်းချောင်းစာပေ)နှင့် ဇနီးတို့မှ (၂) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အထိမ်း အမှတ်အလှူအဖြစ် ငွေကျပ် ၁၅ဝဝဝဝိ/- (တစ်သိန်းငါးသောင်း) စုစုပေါင်းအလှူငွေကျပ် ၅၅ဝဝဝဝိ/- (ငါးသိန်းငါးသောင်း) ကျပ်တိတိတို့အား လှူဒါန်းခဲ့ကြသည်။
ကုပ်ပေါ်မိုးထားသောဓါးများ ဟူသောစကားရပ်သည် အင်မတန်တာဝန်ကြီးသော၊ တာဝန်ယူရ မည့် စကားများဖြစ်သည်။ ကြိုးတန်းလျှောက် လှမ်းနေသော လူတစ်ယောက် (သို့) မိမိလည်ပင်းအား ကြိုးကွင်းစွတ်ခံထားရသော လူတစ်ယောက်ကဲ့သို့ပင် ဖြစ်ပေသည်။ ထို့ကြောင့် ယင်း ကုပ်ပေါ်မိုးထား သောဓါးများ စာအုပ်တွင် ပါဝင်ခဲ့ကြသော ထုတ်ဝေသူ၊ မေးမြန်းသူ၊ ဖြေကြားသူတို့သည် မိမိရေးသား ဖြန့်ချီ၊ မေးမြန်း၊ ဖြေကြားထားသော စကားလုံးများအတွက် တာဝန်ယူမှုရှိရပေမည်။ သို့မှသာ တာဝန်ယူရဲသော၊ တာဝန်ယူမှုရှိသော သီလလုံခြုံသော စာ ပေဖြစ်ပေလိမ့်မည်။ အများပြည်သူ ဖတ်ရှုသူတို့အတွက် တန်ဖိုးရှိပေလိမ့်မည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေးသာမက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့် ပညာရေးကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုး ပေးနေသည့် အသင်းဖြစ်သည်နှင့်အညီ သုခအလင်း ပညာရေးအား အလေးအနက်တန်ဖိုးထားသော စာပေလောကသားများပီပီ နိုင်ငံတော် ထူထောင်ရာတွင် အရေးကြီးသည့် ကဏ္ဍတစ်ခုအဖြင့်ပါဝင်သော ပညာရေးအတွက် ပံ့ပိုးလှူဒါန်းခဲ့ကြသော Asian Fame Media Group မှ ညီအကိုမောင်နှမများ မွေးနေ့ အလှူရှင် ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး (မြန်မာစာ)၊ ထုတ်ဝသူ ကိုငြိမ်းချမ်းသာနှင့်ဇနီး (မန်းချောင်းစာပေ) တို့အား နောင်နှစ်ပေါင်းများစွာတိုင် ဘဝခရီး လမ်းအား ချောမွေ့စွာ လျှောက်လှမ်း နိုင်ပါစေကြောင်း၊ လုပ်ငန်းများတိုးတက် အောင်မြင်ပါစေကြောင်း၊ အများပြည်သူအတွက် အမှန်တ ရားဘက်မှရပ်တည်ပြီး စာပေပညာရပ်ဖြင့် ပေးဆပ်နိုင်ကြသူများ ဖြစ်ကြပါစေဟု နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများတို့မှ ဆုမွန်ကောင်းတောင်း လိုက်ပါသည်။ အချုပ်ဆိုရသော အများပြည်သူ တို့အတွက် သီလလုံခြုံစွာထုတ်ဝေခဲ့သော “ကုပ်ပေါ်မိုး ထားသော ဓါးများ” အဖွဲ့သားများ၏ အလှူငွေသည် အနာဂတ်မြန်မာနိုင်ငံ လူငယ်/ရွယ်များအတွက် ပညာရေးပံ့ပိုးမှုအား သီလလုံခြုံသော မွန်မြတ် လှသည့် အလှူဒါနတစ်ခု ဖြစ်ပါတော့သည်။
Comments