Letter to Moemaka

ရေးမြို့ပေါ်မှာ (မိုးမခပေးစာ)
ရေးမြို့သားတဦး
နိုဝင်ဘာ ၈၊ ၂၀၁၂

ကျနော်တို့ မွန်ပြည်နယ်၊ ရေးမြို့မှာ ပြည်သူ့ရဲတွေ အဂတိလိုက်စားနေတဲ့အကြောင်းလေး အသိပေးချင်ပါတယ်။ ရေးမြို့ပေါ်မှာ ခိုးမှု၊ လု ယက်မှု၊ ဆိုင်ကယ်ပျောက်ဆုံးမှုပေါင်း စသည်ဖြင့် (၁၀၀) ကျော်ခန့် လက်ရှိအချိန်မှာ ဖြစ်ပွားနေပါတယ်။ သို့သော်လည်း တစ်မှုမှ မပေါ်သေး ပါ။ အမှုသွားဖွင့်ပြန်ရင်လည်း ဖွင့်မပေးဘူးလို့ သိရပါတယ်။ အိပ်ထဲကောက်ထည့်ဖို့ဘဲ အလေးထားဆောင်ရွက်နေတာ တွေ့ရပါတယ်။

ပြည်ထဲရေးဝန်ကြီးမှ တရားမ၀င် ကား ဆိုင်ကယ် ဖမ်းဆီးရန် ညွှန်ကြားထားသော်လည်း ဖမ်းဆီးခြင်းမရှိပဲ မတော်တဆထိခိုက်မှုများဖြစ်သည့် အချိန်မှာသာ ငွေကြေးတစုံတရာတောင်းယူပြီး ခြောက်စားလှန့်စားလုပ်နေကြပါတယ်။ လက်ရှိအချိန် ရေးမြို့မှာ တရားမ၀င် ကားအစီးရေ (၈၀) ကျော်ရှိပြီး ပေါ်ပေါ်တင်တင် စီးနင်းနေကြကာ အာဏာပိုင်များအား တရားမ၀င်နည်းလမ်းများဖြင့် လက်သိပ်ထိုးဖြေရှင်းကာ မတော် တဆမှုများလည်း အလွန်များပြားလျှက်ရှိပါတယ်။ အဆိုပါအဖြစ်အပျက်များကြောင့် တခြားမြို့များမှ ဖြတ်သွားဖြတ်လာများ လာရောက်ကြသည့် ယာဉ်များအားလည်း တရားမ၀င်ယာဉ်များအထင်နှင့် အာဏာပိုင်တို့က လိုက်လံ ငွေတောင်းခံနေမှုကြောင့် စိတ်အနှောက်အ ယှက်ဖြစ်လျှက် ရှိနေကြရပါတယ်။

ယခုကဲ့သို့ စနစ်တခုဆီပြောင်းလဲနေသည့်ကာလမှာ အောက်ခြေအာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားနေမှုများကို နိုင်ငံတော် သမတကြီးနှင့် တာဝန်ရှိသူများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။

Comments

PS said…
လတ်တလောရရှိထားသောရေးမြို့ပေါ်မှ ပျာက်ဆုံးဆိုင်ကယ် စာရင်းဖြစ်ပါသည်။ လက်လှမ်းမှီသမျှရရှိထားသော စာရင်းမျှသာဖြစ်ပါသည်။ ၎င်းတို့အထဲမှ တစီးမျှပြန်လည်ရရှိခြင်းမရှိပါ။ စုစုပေါင်း ၆ လ အတွင်း အစီး ၉၀-၁၀၀ ကျော်အခိုးခံရသည်ဟု ခန့်မှန်းရပါသည်။ ဆိုင်ကယ်သူခိုးများမှာ အလွန်လက်ရဲဇက်ရဲနိုင်ပါသည်။ ခန့်ရှိပါသည်။ ပြည်သူလူထု၏ ဘ၀လုံခြုံရေးအတွက် ရေးမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အမှုအခင်းများ ပေါ်ပေါက်အောင် ဆောင်ရွက် ပေးစေလိုပါသည်။
၁။ ဒေါ်ညိုဝင်း ရန်မျိုးအောင်ရပ် ၁၂၅ ရွှေလှိုင်း Dream
၂။ ဒေါ်နီနီဦး ရန်မျိုးအောင်ရပ် ၁၀၀ မီးခိုး Wave
၃။ ဦးထွန်းထွန်းနိုင် ရန်မျိုးအောင်ရပ် ၁၁၀ အစိမ်း Wave
၎။ ဦးခင်မောင်ဦး ရန်မျိုးအောင်ရပ် ၁၂၅ ရွှေလှိုင်း Dream
၅။ မကြင်ဇာဦး ရန်ကြီးအောင်ရပ် ၁၂၅ ရွှေလှိုင်း Dream
၆။ မစန်းဦး ရန်ကြီးအောင်ရပ် ၁၂၅ ရွှေလှိုင်း Dream
၇။ ကိုကျော်မင်းဦး ရန်ကြီးအောင်ရပ် ၁၂၅ ရွှေလှိုင်း Dream
၈။ ဦးအောင်နိုင်ဝင်း ရန်မျိုးအောင် ၁၂၅ ရွှေလှိုင်း Dream
၉။ ဒေါ်ရင်စိမ်း ရန်မျိုးအောင် ၁၂၅ ရွှေလှိုင်း Dream
၁၀။ ကိုမြင့်အောင် အောင်သုခရပ် ၁၀၀ ပုံပြောင်း Wave
၁၁။ ကိုမြင့်စိုး အောင်သုခရပ် ၁၀၀ ပုံပြောင်း Wave
၁၂။ မလှရီ အောင်သုခရပ် ၁၂၅ အဖြူ Wave
၁၃။ ကိုပေါက် အောင်သုခရပ် ၁၂၅ ရွှေလှိုင်း Dream
၁၄။ ကိုခင် အောင်မင်္ဂလာ ၁၂၅ အနီ Wave
၁၅။ ဦးသိန်းဝင်း သီရိမာလာ ၁၀၀ ပြောင်းလုံး အနီ Wave
၁၆။ ဦးဟလယ် သီရိမာလာ ၁၀၀ ပြောင်းလုံး အပြာ Wave
၁၇။ ဒေါ်ပိုက်အိ သီရိခေမာ ၁၂၅ အဖြူ Wave
၁၈။ ကိုသန့်ဇင် အောင်မင်္ဂလာ ၁၂၅ေ၇ွှလှိုင်း Dream

ကိုသန့်
ပြည်သူလူထုဘ၀လုံခြုံစေလိုသူ